အပိုင်း {၁၉} [ဂ]

5.9K 669 40
                                    

ဒီလိုနှင့် ကျောင်းကြီးဟာပြီးဆုံးသွားသည်။ လွမ်းဟာ ဘာသာစုံ ဂုဏ်ထူးပါခဲ့ကာ ဟန်လင်းမောင်ကလည်း မြန်မာနှင့် ဓာတုကလွဲကာ ၄ လုံးပါခဲ့သည်။ နောက်တော့ ဟန်လင်းမောင်အဖေဟာ ဟန်လင်းမောင်ကို US မှာပညာသင်ခိုင်းဖို့ဖြစ်လာသဖြင့် အဲ့ကိုသွားဖို့ဖြစ်လာသည်။ လွမ်းလည်း လိုက်သွားချင်သလို ဟန်လင်းကလည်းလိုက်စေချင်သဖြင့် သွားဖို့ သူ့ဒက်ဒီကိုတောင်းဆိုခဲ့သည်။

"ဘာကြောင့် အကုန်ကျခံပေးရမှာလဲ သူများနိုင်ငံမှာကျောင်းသွားတက်တယ်ဆိုတာက နည်းတဲ့ကုန်ကျစရိတ်လား!"

လွမ်း အံ့ဩလွန်းလှသည်။ ဒီလူကြီးဟာ အရင်ကလောက်သူ့ကို မခက်ထန်တော့ဆိုပေမဲ့ သူ့အပေါ်သဘောထားကတော့ ဒီတိုင်းပါပဲ။ သူ့အပေါ်မခက်ထန်တော့တာကလည်း အိမ်ပေါ်တက်လာသည့် သူ့နောက်မိန်းမနဲ့ ချိုကိုပိုင်းလေးကြောင့်သာလေ။ အဖေဖြစ်ကြောင်းပြချင်ရုံ။

"ဒါတော့ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး"

"လွမ်းကရော ခွင့်ပြုချက်တောင်းနေတယ်လို့ ဒက်ဒီ ထင်လား!... လွမ်းကို မွေးထားတဲ့အတွက် ဒါဟာ ဒက်ဒီ လုပ်ပေးရမယ့် တာဝန်ပဲ"

"လွမ်းတေးသံ!!! ဒါက အဖေကိုပြန်ပြောရမယ့် လေသံလား"

သူက ဘယ်တုန်းက သူ့ကိုယ်သူအဖေအဖြစ်အသိမှတ်ပြုခဲ့လို့လဲ။ သူကိုယ်တိုင် လွမ်းကို မိဘမဲ့လို့ပြောခဲ့တာမဟုတ်လား။

"လွမ်း စကားတွေအများကြီးမပြောချင်ပါဘူး ဒက်ဒီ။ လွမ်းကို Us သွားချင်တယ် ကျေးဇူးပြုပြီး ဒါကိုခွင့်ပြုပေးပါ"

"မရဘူး! ဒါ ဒက်ဒီ့ စကားအကုန်ပဲ။ အခုချက်ချင်း အခန်းထဲကထွက်သွားတော့"

"ဒက်ဒီ!!"

လွမ်းတို့စကားများဖြစ်ခဲ့ကြသော်လည်း နောက်ဆုံး အရှုံးသာရသူက လွမ်းသာဖြစ်သည်။ လွမ်းဘယ်တုန်းက ဒီလူကိုနိုင်ဖူးလို့လဲ။ သို့သော်လည်း ကိစ္စတော့မရှိပါ။ လွမ်းကို ထိုလူပေးမသွားခဲ့လျှင်တောင် ဒီအိမ်ကထွက်သွားဖို့စဉ်းစားခဲ့ပြီးပြီလေ။ ဟန်လင်းနဲ့လည်းတိုင်ပင်ပြီးသား ရန်ကုန်မှာ အတူသွားနေကြမယ်လို့။ အဲ့ဒါကြောင့် အများကြီးလည်းထပ်ပြောမနေတော့ပါ။ ထိုလူကြီးဆီကနေ လွမ်း ရအောင်ထွက် သွားတော့မည်မဟုတ်လား။ ဘာအတွက်ဆက်ရန်ဖြစ်နေရမှာလဲ။

လွမ်းပျက်ပြယ်Where stories live. Discover now