အပိုင်း {၁၇} [က]

5.4K 639 32
                                    

အေးလို့ ရေငွေ့လေးတွေသီနေသည့် ရေသန့်ဘူးလေးကို အားပါပါဆွဲယူလိုက်သည်။ အဖုံးဖွင့်လိုက်ပြီး ခဏအကြာ လည်ချောင်းအတွင်း အေးမြမြရေလေးသို့စီဆင်းသွားသည်။

"ဟူး..."

​အမောပြေသလိုခံစားရ၍ အခုမှ တွေ့တဲ့နေရာမှာထိုင်ပြီး အမောဖြေနိုင်တော့သည်။ ခန္ဓာကိုယ်မှ စီးကျနေသည့်ချွေးတွေကို လစ်လျူရှုပြီး နဖူးနဲ့ နားသယ်စနားတွင်ရှိသော ချွေးစတို့ကို လည်ပင်းပေါ်က သဘက်နဲ့သုတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ အကြည့်က အပြေးစက်ပေါ်တွင်ပြေးနေသည့် လိမ္မော်ရောင်ဆံကေသာပိုင်ရှင်လေး၏ နောက်ကျောပြင်ကိုငေးကြည့်နေမိသည်။

"ကျွတ်စ်!"

ညွှန်း ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်နေမိသည်။ တစ်လရှိပြီ မမလွမ်းနှင့်သူ့ရဲ့ အခြေနေကြီးက ဒီလိုကြီးသာ။ တစ်ပတ် ၄၊ ၅ ရက် ဒီလို Gym အတူဆော့တယ်။ အဲ့နေ့တွေတိုင်း မမလွမ်းကို သူအိမ်ခေါ်သွားတတ်ပြီး အပြန်ကျရင် ပြန်လိုက်ပို့ပေးသည်။ တစ်ခါတရံ ဆိုင်ခေါ်သွားပြီး ညစာစားကြသည်။ ဒီလောက်အနေနီးနေလို့ ပိုပြီးရင်းနှီးလာတာက သေချာပေမဲ့ အခြေနေက ထူးထူးခြားခြားကြီးမဟုတ်။

တစ်ခါတစ်လေ ညွှန်း မထိတထိစကားပြောတတ်ပေမဲ့ မမလွမ်းက ဘာမှခံစားရပုံမပေါ်တဲ့ မျက်နှာဘေးကြောင့် ညွှန်းမှာ ရှေ့ဆက်တိုးဖို့အားအင်တွေလျော့ကုန်သည်။ မမလွမ်းကို ညွှန်း လက်မလျော့ဘူးဆိုတာ သေချာပေမဲ့ မမလွမ်းက သူ့ကိုလက်မခံမှာကိုတော့ စိုးရိမ်မိသည်။ မမလွမ်းက တကယ်ပဲ သူ့ကိုမုန်းတီးနေတာလား။ ညွှန်းကို မုန်းတီးနေတယ်လို့ မထင်ရအောင်ကို ဟန်ဆောင်ကောင်းလိုက်တာ။

အခုလည်း မမလွမ်းက ပြေးနေရင်း ညွှန်းရှိရာကို ခေါင်းလေး ဟိုဘက်ဒီဘက်လှည့်၍လိုက်ရှာနေသည်။ ညွှန်းရှိရာ အနောက်ဘက်သို့ လိမ္မော်သီးခေါင်းလေးလှည့်လာသောအခါ ညွှန်း ကိုမြင်စေဖို့လက်ပြလိုက်သည်။ ထိုသို့မှ အတောက်ပဆုံး အပြုံးလေးတစ်ပွင့် မမလွမ်းရဲ့ နှုတ်ခမ်းပြင်လေးပေါ်ဖြစ်ထွန်းလာပြီး ပြန်လှည့်သွားသည်။ ထိုအပြုံးလေးကြောင့် ညွှန်း ရင်တွေအတိုင်းအဆမသိရင်ခုန်ရသော်လည်း အတိုင်းအဆမရှိနာကျင်ရပြန်သည်။ ဒီအပြုံးတွေကလည်း မမလွမ်းရဲ့ အတောက်ပြောင်ဆုံး ဟန်ဆောင်မှုတွေမဟုတ်လား။

လွမ်းပျက်ပြယ်Where stories live. Discover now