အပိုင်း {၁၂} [ဂ]

6.1K 651 29
                                    

ညွှန်း သူ့အရှေ့မှာလှုပ်တုပ်လှုပ်တုပ်ဖြင့်အလုပ်ရှုပ်နေသည့် လိမ္မော်သီးလေးကိုကြည့်ပြီးပြုံးနေမိသည်။ ညွှန်းတို့ Gym ဆော့ပြီးတိုင်း မမလွမ်းကအိမ်ပါလာတတ်တာမို့ အရင်ကထက်ပိုပိုပြီးရင်းနှီးလာခဲ့ချေပြီ။ ဒီထက်မရင်းနှီးလို့လည်း မရဘူးလေ။ အခုဆို ခရီးပြန်လာတည်းက သူနှင့်မမလွမ်း ပိုအနီးကပ်ရှိလာတာကတစ်လပင်ရှိပြီ။

"မမလွမ်းအဆင်ပြေရဲ့လား"

"ဒီလောက်ကတော့ လွမ်း ရတယ်လို့ပြောပြီးသားကို"

ရင်နှီးလာတော့ ဘာတွေပြောင်းလဲသွားလည်းဆိုလျှင် မမလွမ်းဟာ သူ့ကိုယ်သူ လွမ်းလို့နာမ်စားသုံးလာသည်။ သူ့ကိုကျ မမလွမ်းလို့နာမ်စားသုံးခိုင်းပြီး သူကိုယ်တိုင်ကျ ရှေ့တွင်မမဆိုပြီးထည့်မခေါ်ချေ။

"အိပ်ခန်းထဲသွားနားပါလား ချိုကိုပိုင်းလေးရယ် နေလည်းကောင်းတာမဟုတ်ပဲ"

ဟုတ်ပါသည်မိုးတွင်းဝင်နေပြီဖြစ်သဖြင့် ညွှန်း မနေ့ကမိုးမိသွားသည်။ ကားဆီဖြတ်လျောက်တုန်းလေး နည်းနည်းမိရုံပါပဲ။ ဆိုးသည်က အိမ်ရောက်မှရေချိုးတာကြာပြီး အဖျားဝင်သွားပုံရသည်လေ။ အဲ့တော့ သူဒီနေ့ Gym မသွားနိုင်သလို၊ မမလွမ်းနှင့်မတွေ့နိုင်ဖြစ်ရသည်။ မမလွမ်းမျှော်နေမှာစိုး၍ ညွှန်းမလာဖြစ်ကြောင်းပြောလိုက်ပြီး ခဏအကြာမှာ မမလွမ်းကအိမ်သို့ရောက်ချလာသည်။

"မနားချင်ပါဘူး မမလွမ်းရယ်။ ညွှန်း တစ်နေကုန် အိပ်ပြီးပြီ"

"အိုကွယ် နေမကောင်းတဲ့သူကအိပ်ရမှာပဲလေ... ပြီးတော့ ဖုန်းဆက်ကတည်းက နေမကောင်းဘူးပြောရင် လွမ်း တစ်ခုခုဝယ်လာဖြစ်ခဲ့မှာ"

မမလွမ်းအသံလေးဟာ အလိုမကျသံလေးဖြစ်နေပြီး နောက်ကျောလေးပဲမြင်နေရသည်တောင် ကလေးလေးလိုစူပုပ်နေမယ်လို့ ညွှန်းစိတ်ထဲအတပ်သိနေသည်။ အခုတော့ မမလွမ်းဟာ သူ့အတွက်ခနောပြုတ်ပေးနေသည်လေ။ မဝေကိုခိုင်းလို့ရပေမဲ့ မမလွမ်းဟာ သူကိုယ်တိုင်လုပ်ပေးချင်လို့ဆိုပြီး ဝင်လုပ်ရင်းအလုပ်ရှုပ်နေခြင်းပါ။ ဒီလိုအဆင်သင့်ပြုတ်တာလေးကိုတောင် တစ်ယောက်တည်းရှုပ်ယှက်ခတ်နေတာကိုကြည့်လျှင် မမလွမ်းဟာ ဘာမှချက်တတ်ပုံမပေါ်။ ညွှန်း ထိုလိမ္မော်သီးလုံးလေးကိုကြည့်ပြီး အသဲယားနေမိသည်။

လွမ်းပျက်ပြယ်Where stories live. Discover now