အပိုင်း {၂၂} [ဂ]

6.2K 612 37
                                    

"မင်းလာစရာမလိုတော့ဘူးလို့ ပြောထားပြီးသားလေ"

ခပ်မာမာထွက်လာသည့် မမလွမ်းစကားကြောင့် ညွှန်း ရပ်နေရာကနေ မျက်ရည်လေးတွေဝဲလာသည်။ မမလွမ်းသည် အိမ်ထဲတောင်ပေးမဝင်ပဲနှင်နေတာလေ။ မမလွမ်းနေကောင်းလာရင် ထိုသို့ဖြစ်လာမှာသိပေမဲ့ ညွှန်း လက်သင့်မခံနိုင်ဘူး။

"မမလွမ်း..."

"တော်! ဘာမှမပြောနဲ့ မင်းပြန်တော့"

ညွှန်းစကားကိုဖြတ်ပြောပြီး တံခါးကိုဆွဲပိတ်ဖို့လုပ်နေသည့် မမလွမ်းကြောင့် တံခါးလေးကိုမပိတ်ရန်ဆွဲထားကာ ဟန့်တားရသည်။ ဒီအချိန် ဟေသာရှိလျှင် ညွှန်းကို ဝင်ခိုင်းမှာဆိုသော်လည်း ဒီနေ့ဟေသာဟာ အစောကြီးကတည်းက ငယ်နှင့် ဘုရားသွားတာမို့ ညွှန်းအတွက် ကံမကောင်းပေ။

"မမလွမ်းရယ် အဲ့လိုမလုပ်ပါနဲ့ ညွှန်းတောင်းပန်ပါတယ်နော်။ ညွှန်းကို မမလွမ်းအနားကနေ မတွန်းထုတ်ပါနဲ့နော်"

"ညွှန်းဖွဲ့ရာမှူး တံခါးကလက်ကိုဖယ်လိုက်နော်"

မမလွမ်းစိတ်ဆိုးမှာကို ညွှန်း ကြောက်ပေမဲ့ မမလွမ်းအနားမှာမနေရမှာကို ညွှန်းပိုကြောက်တဲ့အတွက် မလွှတ်မိပါ။ ထို့ထက်ပိုပြီး တံခါးကိုရအောင်ဆွဲဖွင့်ပြီး ညွှန်းအိမ်ထဲကို ဇွတ်ဝင်မိသည်။

"ညွှန်းဖွဲ့ရာမှူး မင်းဒီထက်ဆိုးလာရင် တို့ သက်ဆိုင်ရာကို ဆက်မှာနော်"

မမလွမ်းဆီက ဒီလောက်စိမ်းသက်တဲ့စကားတွေကြားရတော့ ညွှန်း ပိုလို့နာကျင်မိသည်။

"မင်းမျက်ရည်ကျရအောင် တို့ဘာမှလုပ်မနေဘူး။ မင်းထွက်သွားစမ်းပါ တို့ ဒီထက်ပိုပြီးစိတ်ပျက်မလာခင်"

ညွှန်း မျက်ရည်တွေဟာ မမလွမ်းကိုပိုလို့စိတ်ပျက်စေမိရင်တော့ ညွှန်း ဒါအတွက်လည်းတောင်းပန်ပါတယ်။ ညွှန်း မစေခိုင်းပဲကျနေသည့်မျက်ရည်တွေပါ။

"ညွှန်း ဒူးထောက်ဆိုဒူးထောက်တောင်းပန်ပါ့မယ်။ ဝန်ချကန်တော့ဆို ညွှန်း ကန်တော့ပါ့မယ် ညွှန်းကို မနှင်ပါနဲ့နော် ညွှန်းကို မနှင်ပါနဲ့ မမလွမ်းရယ်။ မမလွမ်း အနားမှာနေချင်လို့ပါ။ ဒီတိုင်း မချစ်တော့ဘူးဆိုရင်လည်း ချစ်ဖို့မဖြစ်နိုင်တော့ဘူးဆိုရင်လည်း ညွှန်းကို ဒီလိုလေးပဲနေခွင့်ပြုပါ ညွှန်းတောင်းဆိုပါတယ် ညွှန်း တောင်းပန်ပါတယ် မမလွမ်း"

လွမ်းပျက်ပြယ်Where stories live. Discover now