အပိုင်း {၉} [ခ]

6.5K 736 76
                                    

ဒီနေ့က ငွေဆောင်ရောက်နေသည့် တတိယမြောက်ရက်ဖြစ်သည်။ မနေ့ကတော့ ငွေဆောင်အနီးဝန်းကျင်က ကျွန်းတွေကိုလည်ပတ်ခဲ့သည် ပြန်ရောက်သည်နှင့်တန်းအိပ်ကြသည်အထိပင်ပန်းခဲ့ကြသည်။ ဒီနေ့တော့ Hotel ရေကူးကန်မှာပဲ မနက်ပိုင်းရေကစားပြီး ညနေပိုင်းကျပြန်လည်း ကမ်းခြေဘက်ထွက်ဆော့ရင်း အချိန်ကုန်ကြသည်။ တစ်ချိန်လုံး ဒီလူတွေနှင့်ချည်း တွေ့နေရသည်မို့ ပထမရက်ကထက်ပိုပြီး နီးစပ်လာသည်။

"တို့ ပုစွန်ကင်စားချင်တာတွေ့မှပြန်မယ်လေ နော်"

ရေကစားပြီးလို့အကုန်လုံးဟာ ချမ်း၍ပြန်တက်ကုန်ကြပြီ။ မမလွမ်းဟာတော့ မပြန်သေးပဲ ပုစွန်ကင်စားချင်တယ်လုပ်နေသည်။ ပြောရလျှင်ဒါတွေက သန့်ချင်မှသန့်မှာ။ ညွှန်းသာ ရန်ကုန်မှာဆို ကိုယ့်ဘာသာလုပ်ကျွေးလိုက်ပြီ။

"အရင်ဆုံးရေအရင်ပြန်ချိုးကြမယ်လေ။ မဟုတ်ရင် ဖျားကုန်လိမ့်မယ် မမလွမ်းရဲ့"

မမလွမ်းဟာ ညွှန်းစကားကြောင့် အလိုမကျဟန်လေးဖြစ်သွားသည်။ အသက်ကသာ သူ့ထက် ၆ နှစ်လောက်ကြီးတာ တကယ့်ကလေးဆိုးလေးလိုပဲ။

"ညွှန်းလည်း ချမ်းနေပြီမို့ပါ ရန်ကုန်ရောက်မှ ညွှန်း ကိုယ်တိုင်လုပ်ကျွေးမယ်လေနော်"

"ချမ်းနေပြီလား"

"ဟုတ် ချမ်းလာသလိုပဲ"

အဲ့တော့မှ မမလွမ်း၏ အလိုမကျတဲ့ရုပ်လေးက စိုးရိမ်သွားသည့်အနေထားပုံလေးဘက်သို့ပြောင်းသွားသည်။

"ဟုတ်သားပဲ ချိုကိုပိုင်းလေး ဖျားလို့မရဘူး"

မမလွမ်းဟာ ပြောရင်းသူ့လက်လေးကိုဆွဲကာ အပြန်လမ်းကိုခပ်သွက်သွက်လေးသွားနေသည်။ မမလွမ်းဟာ ဇွတ်တရွတ်လေးလို့ပြောတာ ညွှန်းမလွမ်ဘူးမလား။ သူ့ကိုဆွဲခေါ်ပြီး ရှေ့ကသွားနေသည့် လိမ္မော်သီးလေးဟာ အမြန်တော့ သူ့ကိုယ်သူတောင်မနိုင်။ ရေစိုဝတ်တွေနှင့်သူ့ခန္ဓာကိုယ်လေးကိုမနည်းနိုင်အောင်မရင်း ခြေလှမ်းကျယ်ကျယ်သွားနေပုံက ညွှန်းကို ခိုးရယ်မိစေသည်။ ဒါနဲ့ ညွှန်း အခုမှ ခေါင်းထဲဝင်လာမိတဲ့စကားလုံးတစ်ခုရှိသည်။ မမလွမ်းဟာ ဘာကြောင့် သူ့ကိုချိုကိုပိုင်းလို့ခေါ်နေသည်လဲဆိုတာကိုပေါ့။

လွမ်းပျက်ပြယ်Where stories live. Discover now