"ဟေသာ! ဒီအချိန်ထိ အိပ်နေတုန်းလား... စကားပြောစရာရှိလို့"
ဟေသာ့ အခန်းတံခါးလေးကိုတံခါးခေါက်ပြီးပြောလိုက်သော်လည်း ဟေသာ့ဘက်မှဘာမှပြန်ထူးမလာချေ။ ၉ နာရီကျော်ပြီဖြစ်တဲ့အတွက် ဟေသာ နိုးနေကျအချိန်လေ။ ငယ့်ဆီများသွားနေ၍ မရှိလို့များလား။ ဒီလိုဆိုလည်း လွမ်းကိုပြောသွားမှာလေ။ ခါတိုင်းလို အတွေးလွန်နေ၍သာဖြစ်မည်။ လွမ်းလည်း ထို့ကြောင့် အခန်းတံခါးကိုပြန်မထူးလည်း ဖွင့်လိုက်သည်။
လွမ်း ဝင်သွားတော့ လွမ်းထင်သလို ဟေသာဟာ စားပွဲတွင် ကဒ်ပြားလေးကိုင်ပြီးစိတ်လွှင့်နေတာမဟုတ်ချေ။ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်လျှက်သား။
"ဟေသာကိုရယ် ဘယ်လိုလုပ် အပြင်င်္အကျီတောင်မလဲပဲ အိပ်..."
လွမ်း ထပ်ပြောတော့မည့်စကားများ ရပ်တန့်သွားသည်။ လွမ်းခြေလှမ်းတို့ ကုတင်ရှိရာသို့ခပ်သွက်သွက်လှမ်းလိုက်သည်။ ချမ်းလို့တစ်ကိုယ်လုံးခိုက်ခိုက်တုန်နေသည့် ဟေသာကြောင့်ပေါ့။
"အိုး ပူကျစ်နေတာပဲ"
ဟေသာ မျက်နှာလေးကိုကိုင်ကြည့်လိုက်သည်နှင့် အဖျားကအတော်ကြီးနေသည်ဆိုတာ လက်ဖြင့်တိုင်းရုံနှင့်ပင် သိနိုင်သည်။
"ဟေသာ! ဟေသာကို"
"ဟင်"
ဟေသာ့ကို ပုတ်နှိုးလိုက်တော့ မျက်လုံးလေးအနည်းငယ်ပွင့်ပြီး ထူးသည်မို့ စိုးရိမ်ရသည့်အနေထားတော့မရောက်။ သို့သော် လွမ်း ရင်ထဲစိုးရိမ်စိတ်တွေနှင့် ပူလောင်နေသည်။
"ကျွတ်စ် ငါဆရာဝန်ဖုန်းဆက်ခေါ်လိုက်ဦးမယ်။ ခဏစောင့်နေနော်"
စောင်လေးအပေါ်က လွှားခဲ့ပြီးပြောလိုက်တော့ ဟေသာက ခေါင်းညိတ်ပြသည်။ လွမ်းလည်း အသိဆရာဝန်ကို အကူညီတောင်းကာ ညွှန်းဆီကိုမလာဖြစ်တော့ကြောင်းစာပို့လိုက်သည်။ ဆက်ဆက်လာခဲ့ဖို့ ညွှန်းဟာပြောထားပေမဲ့ အခြေနေအရမတတ်နိုင်ဘူးမဟုတ်လား။
"ကုတင်တွေမှာ ရေတွေလားချွေတွေလား ဟေသာကို!"
ဟေသာက ပြန်မဖြေချေ။ မခြောက်တစ်ခြောက်ဖြစ်နေပေမဲ့ နေရာအနှံ့ကစိုနေတာ။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...