အပိုင်း {၂၄} [က]

6.6K 745 55
                                    

အသန့်ကြိုက်တဲ့ ညွှန်းရဲ့အခန်းဟာ ရှုပ်ပွနေတာကြောင့် ရှင်းရန်အိတ်တစ်လုံးအပြင်မှာထွက်ရှာလိုက်သည်။ ကံကောင်းစွာ နောက်ဖေးတွင် အိတ်အကြည်အကြီးကိုတွေ့သည်မို့ ယူလိုက်ကာ အခန်းထဲမှာ ဘီယာသံဘူးခွံတွေရော ကျန်သေးသည့် ပုလင်းတွေကိုအိတ်ထဲလွှင့်ပစ်ဖို့ထည့်လိုက်သည်။ ဒီအရည်တွေကြောင့် ဟန်လင်းမောင်ဆုံးသွားခဲ့ရတာကို ညွှန်းဟာသိရဲ့နဲ့သောက်ရသလားလို့ ဆူလိုက်ချင်သည်။ သို့သော် အဲ့အဖြစ်ကိုရောက်အောင် လွမ်းကလုပ်ထားတာမဟုတ်လား။

အိတ်နှင့်ပင် မဆန့်တဲ့ဘူးတွေကိုကြည့်ပြီး လွမ်းသက်ပြင်းချလိုက်မိသည်။ ဘယ်လောက်တောင်မှ သောက်ထားသလဲ။ လွမ်း ဝေ့တက်ချင်နေသည့် မျက်ရည်စတွေကိုပုတ်ခတ်ပြီး သိမ်းဆည်းစရာတွေကိုသာ သိမ်းဖို့လုပ်လိုက်သည်။

"ချိုကိုပိုင်းလေး ခဏထပါကွယ်။ အောက်မှာမအိပ်ပါနဲ့ ခါးတွေနာလိမ့်မယ်"

လွမ်း နှိုးသော်လည်း ညွှန်းဟာမထပါ။ ငိုယိုပြီးငြိမ်ကျသွားတော့ ခဏလေးအတွင်းငြိမ်ကျသွားတာလေ။ လွမ်းလည်း မတက်နိုင်သည့်အဆုံး ညွှန်းကိုဆွဲထူပြီး ကုတင်ပေါ်တင်ရသည်။ ခန္ဓာကိုယ်ချင်းမမျှတာကြောင့် ဆွဲချီပြီးတင်ပေးဖို့လည်း မနိုင်ဘူးမဟုတ်လား။ ဒါကို ငြိမ်ငြိမ်မနေပဲ ရုန်းကန်ချင်နေသေးတာမို့ ညွှန်း ကုတင်ပေါ်မှာမလှဲခင်မှာ လွမ်း အားအင်တွေကုန်ဆုံးသွားသလိုပဲ။

"နိုးလာရင် ဒါတွေက အစစ်မှန်မှန်းသိမှာပါ ချိုကိုပိုင်းလေးရယ်"

"မမလွမ်း အင့်"

ပင်ပန်းနွမ်းနယ်နေသည့်မျက်နှာလေးနှင့် ငိုနေသေးသည့် ညွှန်းရဲ့ မျက်ခွံလေးပေါ်သို့ လွမ်းအနမ်းတစ်ပွင့်ခြွေလိုက်သည်။ ထိုအခါမှာ နွမ်းနယ်နေသည့်မျက်နှာလေးပေါ်တွင် အပြုံးသဲ့သဲ့ပေါ်ထွန်းလာသည်။ လွမ်း လည်းခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။

"လွမ်း အခန်းလေးရှင်းမှာမို့ ခဏထားခဲ့မယ်နော် ချိုကိုပိုင်းလေး"

"မထား... ခဲ့ပါ..နဲ့။ မထားခဲ့နဲ့"

ဆံပင်သပ်ပေးလိုက်သည့် လွမ်း လက်လေးကို ဆုပ်ကိုင်ရင်းပြောလာသည့် ရီဝေဝေညွှန်းကြောင့် လွမ်းသက်ပြင်းသဲ့သဲ့ချမိသည်။ လက်ကိုကိုင်ထားသည့် ညွှန်းလက်လေးဟာ သိပ်တင်းကျပ်လွန်းပြီးအားပါလှသည်။ လွမ်းကို လွှတ်ပေးမယ့်ပုံမပေါ်။ ထို့ကြောင့် ဒီကလေးကိုချော့ပြောမှရမည်ထင်သည်လေ။

လွမ်းပျက်ပြယ်Where stories live. Discover now