၂၀၁၂ အောက်တိုဘာလ ၁၀ ရက်နေ့။
ဟေသာ နားပူလွန်း၍ နားနှစ်ဖက်ကိုပိတ်ထားရသည်။ သို့သော်လည်း မရပါ။ ဟေသာ့ လက်ကိုလှုပ်ရမ်းပြီး တရစပ်ပြောနေသည်သူကို ထုချင်လာသည်။
"ကို နော်! နော်"
"မထိုးချင်ပါဘူးဆို တေးသံရယ်။ အသားနာမှာ မကြိုက်ဘူး... တေးသံလည်း မထိုးနဲ့။ မိန်းကလေးနဲ့ တက်တူးက မလိုက်ပါဘူး"
"ဟေသာနော် ဒါမျိုးကျမှ လာအယူသီးမနေနဲ့။ တူတူထိုးရအောင်ပါ ဒါတစ်ခါကျမှ ကိုက သစ္စာဖောက်တာလား"
လိုချင်တာရှိမှရယ်၊ တစ်ခါတစ်ရံ စိတ်တိုမှ ခေါ်တတ်သည် 'ကို' ဆိုတဲ့ နာမ်စားလေ။ ဒီတစ်ခါကတော့ ဘာကြောင့်ခေါ်လည်း အသိသာကြီးမလား။
"မထိုးချင်ပါဘူး တေးသံရယ် တို့မှ မကြိုက်တာ"
ဟေသာပြောတော့ အလိုမကျသလို မျက်မှောင်ကြီးကြုတ်ကြည့်နေတော့ ဟေသာရယ်ချင်မိသည်။ တေးသံက တစ်ခါတစ်ရံ ကလေးကြီးတစ်ယောက်လိုပဲ။
"ရတယ် အဲ့ဒါဆို ဟေသာလိုက်ခဲ့ ကိုယ့်ဘာသာထိုးမယ်"
"ဟော!"
"ဒါတော့ ခွင့်မပြုလို့မရဘူးနော်။ တေးသံ မွေးနေ့ကိုအလိုမလိုက်ကြဘူး စိတ်ဆိုးချင်လာပြီ ယူတို့ကို!"
ဘေးနားမှာ သူနဲ့မဆိုင်သလို ဂစ်တာကြိုးညှိနေတဲ့ ဟန်လင်းကလည်း လွမ်းရဲ့မကျေနပ်သံကြားတော့ လေတစ်ချွန်ချွန်နှင့်လုပ်နေသည်။ တမင် မကြားချင်ယောင်ဆောင်ခြင်းပေါ့။
"ဟန်လင်းမောင် နင်က ယောကျ်ားလေးပဲဟာ အတူတူလိုက်ထိုးပေးလိုက်စမ်းပါဟယ်"
"ယောကျ်ားလေးဖြစ်တိုင်း တက်တူးထိုးရမယ်ဘယ်သူပြောလဲ။ ငါက တစ်ကိုယ်လုံးသန့်နေမှကြိုက်တာ အဲ့လိုတွေမကြိုက်ဘူး"
"စောက်ကြီးစောက်ကျယ်"
ဟေသာ စိတ်ထဲကပြောလိုက်ပေမဲ့ မရည်ရွယ်ပဲ နှုတ်ကထွက်သွားသည်။ ဒါကို လွမ်းကလည်း ထောက်ခံစွာ ခေါင်းလိုက်ညိတ်သည်။
"ဟဲ့ နင်မရိုင်းနဲ့"
"တေးသံ မွေးနေ့မှာတခြားဘာမှမလုပ်ချင်ဘူးလား"
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...