အပိုင်း {၁} [ဂ]

7.4K 695 14
                                    

"ဒါတော့ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး"

"လွမ်းကရော ခွင့်ပြုချက်တောင်းနေတယ်လို့ ဒက်ဒီ ထင်လား!... လွမ်းကို မွေးထားတဲ့အတွက် ဒါဟာ ဒက်ဒီ လုပ်ပေးရမယ့် တာဝန်ပဲ"

"လွမ်းတေးသံ!!! ဒါက အဖေကိုပြန်ပြောရမယ့် လေသံလား"

ဒက်ဒီ့အလုပ်ခန်းထဲမှာ ရန်ဖြစ်နေတာ ညွှန်း အတိုင်းသားကြားနေရသည်။ မေမေကတော့ ညွှန်း ဆယ်နှစ်ပြည့်မွေးနေ့အတွက် သူကိုယ်တိုင်ပြင်ဆင်နေလို့ နောက်ဖေးမှာ အိမ်အကူတွေနှင့် အလုပ်ရှုပ်နေလောက်သည်လေ။ အခုမှ လွမ်းအိမ်ထဲဝင်လာပြီးရှာတဲ့ပြဿနာကို မေမေမသိတာပိုကောင်းမည်ဟု ညွှန်းထင်၏။ ညွှန်း ခိုးနားထောင်နေတာမဟုတ်ပါပဲ တောင်တန်းတွေပုံ Jigsaw puzzle ကိုထိုင်ဆက်နေသည်ပါ။ ဒါကို တစ်စတစ်စကျယ်လောင်လာသည့်အသံတွေကြောင့်သာ နားထောင်မိသွားခြင်းလေ။

"လွမ်း စကားတွေအများကြီးမပြောချင်ပါဘူး ဒက်ဒီ။ လွမ်းကို Us သွားချင်တယ် ကျေးဇူးပြုပြီး ဒါကိုခွင့်ပြုပေးပါ"

"မရဘူး! ဒါ ဒက်ဒီ့ စကားအကုန်ပဲ။ အခုချက်ချင်း အခန်းထဲကထွက်သွားတော့"

"ဒက်ဒီ!!"

"လွမ်းတေးသံ!! ဒက်ဒီ စိတ်မတိုချင်ဘူး"

အော်သံတွေက ခေတ္တာရပ်တန့်သွားသည်။ သို့သော် ခဏပါပဲ။ နွေးထွေးနူးညံ့သည့်အသံနှင့် မလိုက်သည့်စကားလုံးတို့ကျယ်လောင်စွာထွက်လာ၏။

"ဒက်ဒီ့ကို အရမ်းမုန်းတယ်"

ထိုအသံလေးကြားပြီးသည်နှင့် တံခါးပြင်းပြင်းဆောင့်ဆွဲဖွင့်သံကြားလိုက်ရလို့ ညွန်း Jigsaw အပိုင်းအစလေးတွေကုန်းဆက်နေရာမှ ကိုယ်လေးမတ်သွားသည်။

ဒုန်း။

ဒီတစ်ကြိမ်မှာတော့ ညွှန်း ကိုယ်လေးလန့်ကာတုန်သွားသည်။ တံခါးကို ခပ်ပြင်းပြင်းဆောင့်ပိတ်သံပါလေ။ လန့်သွားပေမဲ့ လွမ်း ထွက်လာပြီဆိုတာကို ညွှန်းသိ၍ အမြန်ကပျာကယာ အောက်ကဟာတွေကောက်ဆက်နေမိသည်။ ဒေါသပါသည်ကြောင့်ထင်ပါရဲ့ ခပ်ပြင်းပြင်းဖြစ်ဟန်ရှိသည့်ခြေသံတွေဟာ လွမ်းနဲ့မလိုက်စွာထွက်လာပြီး ညွှန်းအနားသို့ နီးကပ်လာသည်။

လွမ်းပျက်ပြယ်Where stories live. Discover now