အပိုင်း {၂၃} [ဂ]

6.3K 706 32
                                    

အဝင်ဖုန်းကောလ်လေးကြောင့် စိတ်လှုပ်ရှားစွာခေါ်ဆိုသူနာမည်ကိုကြည့်လိုက်သည်။ ဒီရက်ပိုင်းမျှော်နေသည့် ဖုန်းလေးမဟုတ်လား။

"ဟယ်လို လေပြေငယ်လား"

ဟိုဘက်မှမမေးသေးခင် လွမ်းအရင်မေးလိုက်မိသည်။ ဖုန်း Contact မှာပေါ်ပြီးသားဆိုပေမဲ့ သိချင်စိတ်ကြောင့် အလျင်စလိုဖြစ်နေမိသည်။

"ဟုတ် အစ်မလွမ်းတေး... ညီမပါ"

"အခုဆက်တာက ချိုကို... ညွှန်းရာအတွက်ဆက်တာလားဟင်။ ဘာသိရလဲဟင်... ဘာသတင်း..."

"အစ်မလွမ်းတေး စိတ်အေးအေးထားပါ။ အခုအဲ့ကိစ္စဆက်တာပါ"

လေသံအေးအေးလေးနှင့် တည်ငြိမ်စွာပြောရင်းတားလာသည့် ငယ့်စကားသံလေးကြောင့် လွမ်းငြိမ်သက်လိုက်မိသည်။ လွမ်း အကြီးတစ်ယောက်ဖြစ်ပါလျှက်နဲ့ အရမ်းပြာယာခက်သွားမိတယ်မလား။ ဒါကလည်း လွမ်းအပြစ်မဟုတ်ပါ။ ညွှန်းဟာ စက်ပိတ်ပြီးပျောက်နေတာ တစ်ပတ်ကျော်ပြီလေ။ ညွှန်းရဲ့ အရင်အိမ်ပတ်ဝန်းကျင်မှာ နေ့တိုင်းလိုက်ရှာမိသော်လည်း အရိပ်ယောင်ပင်မတွေ့ပါ။ ညွှန်း အိမ်မှာအလုပ်လုပ်သွားသည့် မဝေဆိုသည့် အမျိုးသမီးဟာလည်း အိမ်လာလျှင်လွမ်းတို့အကြောင်းကို အမြဲတင်ပြနေသောသူ့ဒက်ဒီဘက်တော်သားဆိုတော့ လွမ်းမေးလည်း ပြောမည်မထင်။

လွမ်းစုံစမ်းကြည့်အရ မေမြို့အိမ်ကိုလည်း ပြန်မရောက်ဘူးတဲ့လေ။ ဒက်ဒီဆို သေချာပေါက်သိလောက်မှာ ညွှန်း ဘယ်မှာရှိတာသေချာသိလောက်မှာဖြစ်တော့ လွမ်းက အဲ့မှာတင်ရှုံးနေခဲ့ပြီ။ စားသောက်ဆိုင်ရော သွားနေကြ Gym ကိုပါ ညွှန်းကမသွားတဲ့အတွက် အဲ့နေရာတွေမှာလည်းမတွေ့ရချေ။

"ဖွဲ့ရာနေတဲ့ နေရာကိုသိရပြီ အစ်မလွမ်းတေး... သူ့အမေကိုပဲ ဖုန်းဆက်မေးလိုက်ရတာ။ အစကတော့ပြောပြလောက်မယ်မထင်ထားဘူးရယ် ဒါပေမဲ့ သူ့အမေကစိတ်ပူနေတယ်ထင်တယ် ဒီရက်ပိုင်း ရန်ကုန်လာမှာမို့ ဖွဲ့ရာကို စောင့်ရှောက်ထားပေးဖို့ ငယ့်ကိုပြောတယ်။ ဒီအတွက်လည်း လိပ်စာကိုပေးသိတယ်လို့ ငယ်ခံစားရတယ်။ အဲ့ဒါကြောင့် ဖွဲ့ရာ ပြန်ရတော့မယ်ထင်တယ် အစ်မလွမ်းတေး။ သူ့အမေက ဖွဲ့ရာကိုခေါ်သွားဖို့ ပြင်ဆင်နေလောက်ပြီ"

လွမ်းပျက်ပြယ်Where stories live. Discover now