အပိုင်း {၁၃} [ခ]

5.3K 617 24
                                    

ညွှန်း ပိုက်ဆံအိတ်လေးယူသွားမိသည်ကတော်သေးသည်။ ၁၁၅ မိုင်မှာတစ်ခုခုဝင်ရပ်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ ကားမောင်းနေရင်း ခေါင်းကမူးမူးလာသည်မို့ ညွှန်း ခဏဝင်နားခြင်းသာ။ မမလွမ်းသာ သိလျှင်သူ့ကိုဆူလောက်မလား။ အချိန်ကိုကြည့်တော့ ညနေ ၄ နာရီပင်ကျော်ပြီ။ သူ ဘယ်အချိန်ထွက်ခဲ့လဲတော့မသိတော့ချေ။ မမလွမ်းဟာ အခုထိ ဖုန်းမဆက်သေးဆိုတော့ မသွားသေးတာများလား။ ညွှန်း တစ်ခုခုစားပြီးခရီးပြန်ဆက်လိုက်သည်။ ခရီးတစ်လျောက်လုံး ညွှန်း ကားမောင်းသည့်အရှိန်ကအတော်ကိုမြန်နေခဲ့သည်။ ညွှန်း အတွက်ဟိုကိုရောက်ဖို့သာစိတ်စောနေပြီး ထွဋ်ခေါင်နှင့်စကားအမြန်ပြောချင်နေသည်။

ထိုစဉ် ဖုန်းသံလေးမြည်လာတာကြောင့် ဘယ်သူလဲ ညွှန်းကြည့်လိုက်မိတော့ လတ်တလောပြောင်းထားသည့် ဖုန်း Contact နာမည် Cutiepie လေးဖြစ်နေသည်။ သူ့ကို မမလွမ်းက Chocopie လို့ပေးရင် သူလည်းနာမည်ပြန်ပေးသင့်တယ်မလား။ လိမ္မော်သီးလုံးလေးလို့မှတ်ထားချင်ပေမဲ့ ချစ်စရာအပြုမူတွေနဲ့အသက်ကြီးမမအား ဒီလိုမှတ်လိုက်တာသာအကောင်းဆုံးဖြစ်ပြီး သူနဲ့နာမည်ဆင်တယ်လေ။ ညွှန်း တစ်ဆက်တည်းဖုန်းကနာရီကြည့်လိုက်တော့ အချိန်အားဖြင့် ၅ နာရီပင် ခွဲနေပြီလေ။ မမလွမ်းဟာ အခုမှအိမ်ကစထွက်သည်လား။ ညွှန်း ခါတိုင်းလို Air Pod ယူဖို့သတိမရတော့ Speaker သာဖွင့်လိုက်ရသည်။

"ဟယ်လို မမလွမ်း"

"အွန် တို့ပါ... အခုအိမ်ကထွက်ခါနီးမို့ လှမ်းဆက်တာ။ ချိုကိုပိုင်းလေးရော သက်သာရဲ့လား"

ညွှန်း အိမ်မှာသက်သာပေမဲ့ အပြင်ထွက်လာတော့ နည်းနည်းမသက်သာချင်တော့သည်ဆိုတာ မူးတူးတူးဖြစ်နေသည့် ခေါင်းက သက်သေလေ။ ဒါပေမဲ့ ညွှန်း လိမ်ရမည်ထင်ပါရဲ့။ ဘာကြောင့် အပြင်ထွက်တာလဲဆိုတာ မပြောချင်သလို၊ မမလွမ်း စိတ်ပူမယ့်အဖြစ်မျိုးလည်း အဖြစ်မခံနိုင်ဘူးလေ။

"ဟုတ် ဟို သက်သာပါတယ် မမလွမ်း။ ဒါနဲ့ မမလွမ်း ပစ္စည်းစုံယူသွားရဲ့လား... ကားကရော အစ်မဟေသာ မောင်းမှာမလား။ ဘာစားထားလဲ တစ်ခုခုစားထားရဲ့လား... လမ်းခရီးလည်း မိန်းကလေးနှစ်ယောက်တည်းမို့ ဂရုတစိုက်ရှိနော်"

လွမ်းပျက်ပြယ်Where stories live. Discover now