အပိုင်း {၁၀} [ခ]

6K 663 54
                                    

ငယ့်ကြောင့်တစ်ရက်ထပ်နေလိုက်ရပေမဲ့ ဟေသာအပြင်တော့မထွက်မိပါ။ ထွက်လျှင် ဟန်လင်းဆီကဖျန်ဖြေစကားတွေကိုကြားနေရဦးမည်။ ဖျန်ဖြေပေးလို့ စိတ်ပြေပေးရလျှင် ဒီကိစ္စကိုလက်ခံလိုက်သလိုဖြစ်သွားမည်။ ဒါကြောင့် ဟေသာအခုဘာမှမကြားချင်သလို ဘာဆက်လုပ်ရမလဲလည်းမသိ။

"မမ"

"ဘာပြန်လာလို့တာလဲ လေပြေ"

ငယ်ဟာ ရေသွားဆော့မယ်ခေါ်ပေမဲ့ ဟေသာမလိုက်ချင်၍နေခဲ့ခြင်းပါ။ ဒါကို နာရီဝက်ပင်မပြည့်သေးပဲ ငယ်ဟာ ရေမစိုပဲပြန်လာသည်။ ဘာကြောင့်ပြန်လာမှန်းသိနေတော့လည်း သက်ပြင်းမသိမသာချလိုက်မိသည်လေ။ ဟေသာတို့ပြဿနာကြောင့် သူလေးလည်း ကောင်းကောင်းမပျော်ရပဲ သူတို့ကိစ္စကိုလိုက်ရှင်းပေးနေရသည်။

"ဟို တကယ်အပြင်မထွက်ဘူးလား မမ"

"မမ ပြောပြီးသားပဲကွယ်။ မမ ဒီနေ့တော့နားချင်လို့"

ဟေသာပြောလိုက်တော့ ထိုကလေးမျက်နှာဟာ ဇီးရွက်လောက်သာကျန်တော့သည်။ ဒီလိုဖြစ်သွားတာလေးကို ဟေသာမမြင်ချင်ပေမဲ့ မျက်ကွယ်ပြုထားလိုက်ရသည်။

"ကိုကိုတို့ပါမှာမို့လို့ မလိုက်တာလားဟင်"

​ထပ်မေးလာသည့် ငယ့်စကားကို ဟေသာဘာမှပြန်မပေါ်မိ။ ငယ်ပြောနေတာက မှန်နေတာပဲမလား။

"အဲ့ဒါဆို မမနဲ့ လေပြေပဲ သူတို့မရှိတဲ့နေရာသီးသန့်သွားမယ်လေ။ ဒီနေ့က နောက်ဆုံးနေ့ဆိုတော့ ဓာတ်ပုံထွက်ရိုက်မလား။ လေပြေ Camera ထုတ်လိုက်မယ်"

​ဘာမှပြန်မဖြေတဲ့ ဟေသာကြောင့် ငယ်ဟာပဲ ထပ်ပြီးပြောလာသည်။ ဒီဟာလည်း ဘာထူးလို့လည်း ငယ်နဲ့ ဟေသာတူတူသွားမယ်ဆိုပေမဲ့ ငယ်က သူ့ကိုအပြင်ခေါ်ထုတ်ပေးရုံပဲ။ အပြင်မှာနေတာကြာလျှင် ဟန်လင်းသူ့အနားရောက်လာမှာပဲ။

"ဟို မမကို တမင်အပြင်ခေါ်ထုတ်တာမဟုတ်ဘူးနော်။ မမ တစ်ယောက်တည်းပျင်းနေမှာစိုးလို့ပါ။ အပြင်ရောက်မှာ ကိုကိုနဲ့ တွေ့လို့ မမ စကားမပြောချင်ရင် မမ အနားကပ်လို့မရအောင် ငယ်ပြောပေးမယ်လေ"

ဟေသာ့အတွေးကို သိသလိုနှင့် ပြောလာသည့် ငယ့်စကားကြောင့် ဟေသာမျက်ခုံးပင့်မိသွားသည်။ ဘာလို့ ရုတ်တရက်ကြီးလဲ။ ဟန်လင်းကြောင့် ငယ်ဟာ ဒီရောက်လာတာမဟုတ်ဘူးလား။

လွမ်းပျက်ပြယ်Where stories live. Discover now