အပိုင်း {၁၂} [က]

5.9K 668 30
                                    

"ရေသောက်ဦးမလား"

ရေဘူးလေးကမ်းပြီးသူ့ဘေးနားလာထိုင်သည့် မမလွမ်းကြောင့် ညွှန်းပြုံးရင်းလက်ထဲကရေဘူးကိုယူလိုက်သည်။

"အဟွတ် အဟွတ်..."

"ဖြည်းဖြည်းသောက်မှပေါ့ ချိုကိုပိုင်းလေးရယ်"

ထိုသို့နားထဲတိုးဝင်လာပေမဲ့ ညွှန်းကတော့ 'တဟွတ်ဟွတ်' ဖြစ်နေဆဲ။ ညွှန်း ရေဘူးအဖုံးဖွင့်ပြီးရေသောက်နေစဉ် မမလွမ်းဟာ သူ့နားထင်ကချွေးစတို့ကိုသုတ်ပေးလိုက်တာကြောင့် သီးသွားခြင်းပင်။

"မမ... လွမ်းက ရုတ်တရက်ကြီးဆိုတော့..."

ညွှန်း သီးနေတဲ့ကြားမှ မမလွမ်းကိုပြန်ပြောမိသည်။ မမလွမ်းကတော့ သူဘာမှမလုပ်ထားတဲ့သူလိုပါပဲ။ သူ့စကားကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်နားထောင်နေသည်။

"ချိုကိုပိုင်းလေးချွေးထွက်နေလို့ တို့ သုတ်ပေးတာလေကွယ် အဲ့ဒါက သီးသွားစရာလိုလို့လား ဂရုစိုက်မှပေါ့"

မမလွမ်းဟာပြောရင်း သူ့လည်ပင်းနားကိုပါသုတ်ပေးသည်မို့ ညွှန်း ကိုယ်အရှိန်ဟာပိုပူလာသည်။ Gym ဆော့ထားလို့အပူတွေတဟုန်ဟုန်းထွက်နေသလိုခံစားရတာက အခုတော့ထိုထက်တောင်မြင့်တက်လာချေပြီ။ ကသိကအောက်ဖြစ်တဲ့ခံစားချက်ရသလို၊ သဘောကျတဲ့ခံစားချက်လည်းရပါသည်။ ထို့ကြောင့် မမလွမ်းကို ဒီလိုမလုပ်ပေးဖို့ပြောချင်ပေမဲ့ ညွှန်းနှုတ်ကမထွက်ပါ။ ညွှန်း အခုခံစားရလာသည်က မမလွမ်းလက်ထဲမှာဆို ညွှန်းက အရုပ်ကလေးတစ်ရုပ်လိုပဲ။ မမလွမ်းပြုသမျှနုနေရသည်။

"မ...မမလွမ်း"

ညွှန်းမျက်နှာလေးကို မမလွမ်းဟာ သူ့လက်နှစ်ဖက်နှင့်ဆွဲလှည့်ရင်းမျက်နှာပေါ်ကချွေးတွေကအစ တယုတယသုတ်ပေးနေသည်မို့ ညွှန်းပို၍နေရခက်လာချေပြီ။ သူခေါ်တာကိုလည်း မမလွမ်းဟာ ဂရုမစိုက်။

"တို့ ချွေးနည်းနည်းတိတ်သွားပြီဆိုတော့ ပြန်သွားဆော့လိုက်ဦးမယ်။ ဒါပြီးရင်သွားမယ့်နေရာ စဉ်းစားပြီးသားမလား အချိုဓာတ်လေး"

ညွှန်း ကြောင်တောင်တောင်နှင့် ခေါင်းညိတ်ပြလိုက်တော့ မမလွမ်းဟာ ထထွက်သွားသည်။ အမှန်တော့ ချွေးသုတ်ပေးခံရသူဟာ ညွှန်းပါလေ။ ဒါပေမဲ့ မမလွမ်းဟာ ချွေးတိတ်သွားပြီတဲ့။ ထိုစကားကြောင့် ညွှန်း နားမလည်ဖြစ်ပြီး ကြောင်အစွာဖြင့်ကျန်ခဲ့ရသည်ပါ။ ဒီလိုပုံစံတိုင်းသာ ညွှန်းတို့ဆက်သွားနေမည်ဆိုလျှင် လုပ်ချင်ရာလုပ်တတ်တဲ့ မမလွမ်းဟာ ညွှန်းစိတ်တစ်ခုလုံးကို စိုးမိုးထားတဲ့အပြင် နှလုံးသားတစ်ခုလုံးကိုပါ လှုပ်ခါအောင်စိုးမိုးတော့မည်ဆိုတာ ညွှန်းသိရန် လက်တစ်ကမ်းသာလိုတော့မည်။

လွမ်းပျက်ပြယ်Where stories live. Discover now