အပိုင်း {၁၄} [က]

6.2K 657 22
                                    

ညွှန်း ဒီနေရာမှာ ကားရပ်ထားပြီးနေနေသည်က နာရီပိုင်းရှိနေပြီ။ အငိုတိတ်တာကတော့ မိနစ်ပိုင်းလောက်ဖြစ်မည်ထင်၏။ သို့သော် ညွှန်း အသိစိတ်တို့ဟာ ပျောက်ရှနေသည့်လူလို ငူငူကြီးဖြစ်နေမိသည်က အခုထက်ထိပင်။ ဖုန်းခေါ်ဆိုနေတာကိုလည်း ညွှန်းသိသည်။ သို့ပေမဲ့ မကိုင်မိပါ။ အကြောင်းကား ခေါ်တဲ့သူက မမလွမ်းဖြစ်နေ၍ပင်။ နာရီဝက်တိုင်း မမလွမ်းဟာ ဖုန်းခေါ်သည်။ ၃ ခါထက်မနည်းခေါ်ဆိုသည်။ ညွှန်းကတော့ ထိုဖုန်းကို ကိုင်ချင်စိတ်မရှိပါ။ ဒါပေမဲ့ အခုတော့ ကိုင်ရတော့မည်။ ခေါ်ဆိုနေသည့်သူက မမလွမ်း မဟုတ်ပဲ မေမေဖြစ်နေ၍လေ။

"ဟယ်လို မေမေ"

"ပြန်မလာသေးဘူးလား ညွှန်းလေး ၁ ခွဲတောင်ရှိနေပြီ။ ပြောတော့ ၁၂ မထိုးခင်ဆို"

"ဆောရီး မေမေ... ဒီနေ့ ညွှန်း ပြန်မလာဖြစ်တော့ဘူးထင်တယ်။ မန္တလေးဘက် ခဏဆင်းဖြစ်သွားလို့။ မနက်ဖြန်မှ ပြင်ဦးလွင်ပြန်တက်တော့မယ်"

အသံကိုငိုသံမပေါက်အောင် ညွှန်း ထိန်းပြီးပြောရသည်။ သူ့မေမေ ဆူမှာကိုလည်း စိတ်ကထင်နေပေမဲ့ တကယ်တမ်းတော့ မေမေဟာမဆူချေ။

"အဲ့ဒါဆိုလည်း မနက်ဖြန်ကျရင် အေးဆေးမှပြန်လာနော် ညွှန်းလေး... အခုအိမ်ပြန်မလာတာပိုကောင်းပါတယ်။ ဒါနဲ့ ကားလည်း ဂရုစိုက်မောင်းဦး။ ဒီကလေး အသက်ရလာတော့ လမ်းများလာလိုက်တာ"

"မများပါဘူး မေမေရဲ့ အရေးကြီးလို့ပါ"

"ဟုတ်ပါပြီရှင် ဟုတ်ပါပြီ။ ဒီနေ့ ပိုချက်ထားတာတွေ အကုန် မေမေပဲ နှစ်ယောက်စာပိုစားလိုက်တော့မယ်"

ညွှန်း ရင်ထဲအားနားစိတ်လေးကြောင့် ဘာမှတောင်ပြန်မပြောနိုင်ချေ။ သူအိမ်မှာရှိလို့ ပျော်နေပြီး စိတ်အားထက်သန်နေသည့် မေမေဟာ သူ့ကြောင့် ဝမ်းနည်းသွားမှာက မလွဲချေ။

"ဒါနဲ့ မေမေ... ခုနက အခုအိမ်ပြန်မလာတာပိုကောင်းတယ်ဆိုတာဘာလို့လဲ"

ညွှန်း စကားအဆုံးမှာ မေမေဟာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

"သမီးဖေဖေရဲ့ သမီးဆိုးလေးပြန်ရောက်နေလို့လေ။ သူပြန်ရောက်တာနဲ့ အိမ်က ဆူညံသွားတော့တာပဲ... မနေ့က ညလည်ကြီး ရောက်တယ်ဆိုတာ မေမေလည်း သူတို့ရန်ပွဲမတိုင်ခင်ကမှ အိမ်ကအလုပ်သမားတွေပြောလို့သိတာ။

လွမ်းပျက်ပြယ်Where stories live. Discover now