အပိုင်း {၃} [ခ]

6.1K 626 23
                                    

လွမ်းကို ဂီတာသင်ပေးမယ်ပြောခဲ့ပေမဲ့ တကယ်တမ်းကျ မအားဘူးပဲ လှိမ့်ပြောနေခဲ့တာ တစ်ပတ်ကျော်ပြီ။ အဲ့နေ့ပြန်သွားပြီး နောက်နေ့ကျ ငယ့်ဆီကို ဟန်လင်းဖြင့် ဂီတာသင်ပေးဖို့ကိစ္စကိုလူကြုံပါးသည်။ ထို့ကြောင့် ငယ်က ညွှန်းကို ဆက်ခဲ့ပေမဲ့ ညွှန်းငြင်းခဲ့၏။ ငယ်ကလည်း အလိုသိစွာ အကြောင်းပြချက်ကောင်းကောင်းပေးခဲ့သည်။ သုံး၊ လေးရက်လောက် ငယ်က ကြားခံငြင်းပြီး နောက်ဆုံးတွင် ညွှန်းဆီ တိုက်ရိုက်ဆက်လာခဲ့သည်။

ငယ်က သူမသိပဲပေးတာတော့မဟုတ်။ ငယ်နှင့် ဟန်လင်းတွေ့တုန်း လွမ်းရောက်လာပြီး ရှေ့ကြီးမှာငြင်းမရအောင်တောင်းသွားတယ်ဆိုတော့ ငယ်လည်းမတတ်နိုင်။ လွမ်းရဲ့ ဇွတ်လုပ်တဲ့ပုံကို ညွှန်း မြင်ခဲ့ပြီးသားလေ။ ထို့ကြောင့် မပြောသာတော့ပါ။ အခုလည်း ဖုန်း Contact ထဲ မထည့်ရသေးပေမဲ့ အလွတ်ရနေသည့် ဖုန်း Call ဟာ ဝင်လာခဲ့ပြန်ပြီ။

"အရှုပ်ထုတ်လို့ Contact ထဲထည့်လိုက်ရမလား... အား တစ်ရက်တစ်လေတော့ နားခွင့်ပေးပါဦး မမလွမ်းတေးသံရယ်"

မမထည့်ခေါ်သည်ဟာ ယဉ်ကျေးသမှုနဲ့တော့ မဟုတ်ချေ။ ညွှန်း ရွဲ့ခေါ်ခြင်းသည်ဖြစ်သည်။ လွမ်းနှင့်စကားပြောရတာက ထွဋ်ခေါင်နှင့် ပြောရတာထက်ပိုကြာသည်။ ထွဋ်ခေါင်က စိတ်တိုလာလျှင် ချပစ်လိုက်လို့ရပေမဲ့ လွမ်းကိုတော့ သူဘက်က ကောက်ခနဲငင်ခနဲ မချခင်အထိ စောင့်နေရသည်။

"ဟူး"

ညွှန်း မျက်နှာပေါ် ကျနေသည့် ဆံပင်တွေကို လေပူတွေဖြင့်မှုတ်ထုတ်လိုက်ပြီးမှ ဖုန်းကိုကိုင်လိုက်သည်။

"ဟယ်လို"

"ဘယ်တော့အားမှာလား မင်း သူငယ်ချင်း ဂီတာတီးတတ်သွားတဲ့ အချိန်မှလား"

ဖုန်းကိုင်ကိုင်ခြင်းပြောတဲ့ စကားတဲ့လေ။ ကြည့်ပါဦး သင်ပေးချင်စရာကောင်းတဲ့ တပည့်လေးပဲ။ ညွှန်းတို့ကို မတွေ့ချင်မမြင်ချင်လို့ ဆင်းသွားတဲ့သူက အခုမှ ဘာထဖြစ်ရတာလဲ။ ညွှန်း အဲ့မိန်းမစိတ်ကို တကယ်နားမလည်တော့။

"ညွှန်း ဒီရက်တွေဘယ်လိုမှ မအားဘူး အစ်မလွမ်းတေးသံ။ ဆိုင်ဖွင့်ထားရတော့ အားချိန်မရှိဘူး"

လွမ်းပျက်ပြယ်Where stories live. Discover now