ညွှန်းတို့အပြန်ခရီးစဉ်ကိုရောက်လာတော့ ဟေသာဟာကားအရှေ့ခန်းသို့ရောက်သွားသည်။ ကျော်ဇောအပြန်ကားမောင်းဖို့ အရင်အလှည့်ကျသူမို့ ဟန်လင်းကို ဟေသာနောက်ဆင်းခိုင်းခြင်းသာ။ ဟေသာနှင့် ကျော်ဇောက တူတူထိုင်ရသည်မို့ ပျော်ရွှင်နေပုံပင်။ ဟန်လင်းကလည်း ခရီးတစ်လျောက်လုံး အခုမှ သူ့ရည်းစားလေးနဲ့ နေရတော့ စကားတွေတပြောပြောဖြင့်သာ။
ဟန်လင်းနောက်ထိုင်ခုံကိုလာထိုင်မှ အပြန်ခရီးဟာပိုပြီး စကားလုံးတွေနှင့်ပျော်စရာကောင်းနေတော့သည်။ အရှေ့ခန်းက ဟေသာကတော့ သိပ်ဝင်မပြောပါ။ ကျော်ဇောကလည်း ဟေသာ့ကိုသာ စကားတွေတစ်ခုခုပြီးတစ်ခုပြောရင်းပေါ့။ ကျော်ဇောအလှည့်နားပြီး ဟန်လင်းအလှည့်ရောက်ပြန်တော့လည်း ဟေသာနှင့် ဟန်လင်းကနောက်ဆင်းပြီး ငယ့်ကိုရှေ့သွားခိုင်သူဟာ ဟေသာပါပဲ။ ဒီလိုနှင့် ညွှန်းတို့ နာရီချိန်တွေတရွေ့ရွေ့ကုန်ဆုံးပြီးချိန်မှာတော့ ရန်ကုန်ပြန်ရောက်ကြသည်လေ။
အရင်ဆုံး အိမ်နှင့်နီးစပ်ရာငယ့်ကိုအရင်လိုက်ပို့ပြီးမှ ကျော်ဇောကိုပို့သည်။ နောက်မှ ညွှန်း အိမ်ပြန်ရသည်။ ညွှန်း အိမ်ရောက်တော့မှ ဟေသာနှင့် မမလွမ်းက အတူတူနေသည်မို့ ဟန်လင်းလိုက်ပို့ပေးမည်ထင်သည်။ ဟန်လင်းကတော့ နောက်ဆုံးမှပြန်ရသူဖြစ်လိမ့်မည်။
"မဝေ အခန်းသန့်ရှင်းရေးလုပ်ပြီးသားမို့ ညီမအိပ်ချင်ရင် အိပ်လိုက်လို့ရပြီ။ ခရီးပန်းလာတယ်ထင်တယ်"
"ဟုတ် နည်းနည်းပါ မဝေ... ရေချိုးပြီးမှ အိပ်လိုက်မယ်နော် အခုတော့ခဏနားလိုက်ဦးမယ်။ မဝေ လုပ်စရာရှိရာလုပ် ညွှန်းအတွက်မပူနဲ့"
မဝေက ခေါင်းလေးညိတ်ကာထွက်သွားသည်။ ဖေဖေခေါ်ပေးထားတဲ့ မဝေက အတော်အလိုက်သိသော်လည်း ညွှန်းလိုပုံမှန် ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့သူအတွက် မလိုတာတော့အမှန်။ ညွှန်း အခုမှအခန်းထဲဝင်တော့ သူ့လိမ္မော်ရောင်အသုံးဆောင်တွေပဲရှိသော လိမ္မော်အခန်းလေးဟာ သူ့ကိုစီးကြိုနေသည်။ ထိုအချိန်ခေါင်းထဲဝင်လာသည့် လိမ္မော်သီးလုံးလေးကြောင့် ညွှန်းပြုံးလိုက်မိသည်။ အသွားတုန်းကတည်း ကပ်သီးကပ်သပ်လုပ်နေသည့် မမလွမ်းဟာ အပြန်မှာလည်း ထိုသို့ပါပဲ။ သို့သော် အပြန်ကျ ပိုရင်းနှီးလာ၍အသွားတုန်းကထက်ပိုသည်ဟုခံစားရသည်။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...