အပိုင်း {၃} [က]

6.8K 649 34
                                    

တဖြည်းဖြည်းကုန်လွန်သွားတဲ့ နေ့တွေဟာ ညွှန်းအတွက်တော့ သာမန်နေ့ရက်တွေလိုပင်။ စားသောက်ဆိုင်ဖွင့်ထားပေမဲ့ သူကိုယ်တိုင် Chef လုပ်နေတာတော့မဟုတ်။ သူလုပ်ချင်တဲ့ အလုပ်က စီးပွားဖြစ်မဟုတ်ပါ။ ဒါကို သူ့အဖေကို ပွင့်ပွင့်လင်းလင်းမပြောချင်၍ ဖွင့်လိုက်ခြင်းလေ။ မဖွင့်ရင် သူ့အဖေရဲ့ စီးပွားရေးလောကထဲကို ညွှန်းဝင်ရလိမ့်မည်။ ဒီထက်ပိုပြီး သူများဆီက ခိုးယူသလိုခံစားချက်တွေမရှိချင်တော့ပါ။

"ဟယ်လို မေမေ"

"မဟုတ်ပါဘူး မေမေရဲ့ ညွှန်း အားတုန်းလေး Gym သွားနေလို့ပါ"

"ပြေပါတယ် ဘယ်သူ့သမီးမို့လဲ... မေမေသာ ဖေဖေနဲ့ အဆင်ပြေပြေဖြစ်အောင်နေနော်"

"ဟုတ်တယ် မေမေ... New Year ရောက်တော့မယ် ဆိုင်ကလူပိုစည်မလားပဲ Bar ပါတွဲဖွင့်ထားတော့လေ"

"ဟုတ် အဲ့ဒါဆို ညွှန်းလည်းရေချိုးတော့မယ် မေမေ။ တစ်ကိုယ်လုံး ချွေးတွေထွက်ထားတာမို့"

"ညွှန်းလည်း မေမေ့ကို အများကြီးချစ်တာ အများကြီးမှ အများကြီး"

ရယ်သံလေးတွေဖြင့် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။ ရေချိုးခါနီးဝင်လာသည့်ဖုန်းဟာ သူ့အမေဖုန်းဖြစ်နေလို့သာ ကိုင်လိုက်သည်ပါ အမှန်တော့ ရေချိုးနေပြီလေ။ ထို့ကြောင့် ဖုန်းချပြီးတာနဲ့ ချက်ချင်း ရေချိုးခန်း အပြေးဝင်ရတော့သည်။

"လန်းသွားတာပဲ"

ရေချိုးပြီးတာနဲ့ ညွှန်း နေရတာ ပိုကောင်းလာသည်။ ညွှန်း Gym ဆော့ရတာကိုကြိုက်သည်။ အားနေလို့ဆော့ကြည့်ရင်းကနေ ဆော့ဖြစ်လာသည်ပေါ့။ Gym မဆော့ဖြစ်တဲ့ မအားသည့်ရက်တွေဆိုရင်တောင် Work out လုပ်ဖြစ်သည်။ မနက်တိုင်းလည်း လမ်းလျောက်ခြင်း၊ ပြေးခြင်းတို့လုပ်သည်။ ကိုယ်မသိပါပဲ ကျန်းမာရေးလိုက်စားမိနေသလိုဖြစ်လာ၏။ သို့သော် ညွှန်းက လူငယ်ဖြစ်တဲ့အတွက် အသောက်စားတော့ မကင်းပါ။ အခုလည်း ငယ် ပို့ထားတဲ့ စာကို တွေ့ပြီး သက်ပြင်းချမိသည်။

သူ့အစ်ကို မွေးလအတွက် ဖိတ်ထားသောစာပင်။ ညွှန်း ကူညီပေးမယ်ပြောထားပေမဲ့ အကြောင်းမတိုက်ဆိုင်လို့ မတွေ့နိုင်သေးတာက အခုတော့ တွေ့ရမည့်အနေထား။ သို့သော် ဟန်လင်းမွေးလဟာ ၁ လပိုင်းဖြစ်သည့်အတွက် နောက်လမှပင်။ အချိန်တော့ ရပါသေးသည်ဟု ညွှန်းတွေးလိုက်သည်။ ငယ်နဲ့စကားပြောနေရင်း ထွဋ်ခေါင်ဆီက ဖုန်းလာသည်မို့ စကားကြောဖြတ်လိုက်ရင်း ဖုန်းကိုင်လိုက်သည်။

လွမ်းပျက်ပြယ်Where stories live. Discover now