အပိုင်း {၉} [ဂ]

6.4K 684 32
                                    

နှုတ်ခမ်းပေါ်မှာ လွန့်လူးနေတဲ့အထိတွေ့လေးဟာ ဘီယာအရသာလေးပါဝင်နေခဲ့သည်လေ။ ညွှန်း ကိုယ့်ကိုယ်ကိုအပြစ်တင်လိုက်မိသည်ထင်သည်။ ညွှန်းသာ ဘီယာမသောက်ထားလျှင် ထိုအရသာကိုပိုခံစားမိမည်ထင်သည်။

"မ...မမလွမ်း"

မလွတ်ထွက်ချင်မိတဲ့ထိုအထိတွေ့လေးဟာ မမလွမ်းဘက်ကပဲ စတင်ပြီး မမလွမ်းဘက်ကပဲရုတ်သိမ်းသွားသည်။ သို့သော် မမလွမ်းဟာသူ့ဘက်ခြမ်းသူပြန်လှည့်မသွားပဲ ညွှန်းခါးလေးကို လက်နှစ်ဖက်ဖြင့်တင်းကျပ်အောင်ဖက်ထားလေသည်။ ထိုလက်နှစ်ဖက်က ခုနလေးတင် သူ့ပါးပြင်နှစ်ဖက်ပေါ်အုပ်မိုးခဲ့တာမလား။

"မမလွမ်း"

ညွှန်း ထပ်ခေါ်တာကိုမကြားဟန်ဖြင့် မမလွမ်းဟာ ညွှန်းပခုံးအနားတွေမျက်နှာအပ်ထားသည်။ ထို့ကြောင့် ညွှန်းနှင့်မမလွမ်းဟာ ပူးကပ်နေတော့သည်လေ။ ညွှန်းမှာ ဆွဲခွာရမလား။ ပြန်ဖက်ရမလားနှင့် ဘာလုပ်ရမလဲမသိတော့။

"တေးသံမူးနေပြီထင်တယ် ဖွဲ့ရာ! ပေး ဒီညတော့ အစ်မအခန်းထဲပဲသိပ်လိုက်မယ်။ ဒီနေ့တော့ လေပြေနဲ့ ဖွဲ့ရာပဲ တစ်ခန်းနေလိုက်တော့"

ဘယ်တုန်းက သူတို့အနားထလာလည်းမသိတဲ့ ဟေသာဟာ မမလွမ်းလက်မောင်းတစ်ဖက်ကိုဆွဲပြီးဆွဲထူဖို့လုပ်သည်။ ညွှန်း အခုထိဦးနှောက်ကအလုပ်သေချာမလုပ်သေး၍ ခေါင်းမညိတ်မိသလို၊ ခေါင်းလည်းမခါမိ။

"တေးသံ အဲ့လိုမလုပ်နဲ့လေ ဖက်ထားတဲ့လက်တွေကိုဖယ်စမ်း!"

ဟေသာဟာ မမလွမ်းကို ဆွဲထူဖို့လုပ်တော့ မမလွမ်းဟာ ညွှန်းကို ရင်ခွင်ထဲခေါင်းလေးတိုးကာ ခါးကိုလည်းပိုလို့တင်းကြပ်အောင်ဖက်လေ၏။ မမလွမ်းသည် မူးနေတဲ့အချွဲလေးပါပဲ။

"ဟို အစ်မဟေသာရပါတယ် ညွှန်းပဲ အခန်းထဲချီခေါ်သွားလိုက်တော့မယ်။ မမလွမ်းက ညွှန်းကိုလွှတ်တော့မယ် မထင်ဘူး"

ညွှန်းပြောတော့မှ ဟေသာဟာ သက်ပြင်းလေးချပြီးလွှတ်ပေးလေသည်။

"ဖွဲ့ရာကိုလည်း အားနာပါတယ် စိတ်မရှိပါနဲ့နော်။ တေးသံက မူးနေရင်အဲ့လိုပဲ"

လွမ်းပျက်ပြယ်Where stories live. Discover now