အပိုင်း {၂၀} [ခ]

5.6K 645 26
                                    

ဟေသာ ဒီအိမ်ကြီးထဲမှာဆင်းဖို့ တုန်လှုပ်နေမိသည်။ ဒီအိမ်ကိုမရောက်တာ ၂ နှစ်နီးပါးရှိတော့မည်။ ဟေသာ့ကို ဒီအိမ်ကမခေါ်တာကြာနေပြီမလား။ ဟေသာ မျက်လုံးလေးမှိတ်ကာ အသက်ဝဝရှူရင်းအားတင်းလိုက်သည်။ ပြီးမှ ဘာမှစဉ်းစားမနေတော့ပဲ ကားတံခါးကိုဆွဲဖွင့်လိုက်ရင်း အိမ်ကြီးဆီသို့လျောက်လိုက်သည်။

"ဟယ် သူဌေးကြီးရဲ့ မြေးအငယ်လေးလာပြီ။ သူဌေးကြီးသွားပြောလိုက်ဦး"

အိမ်ထဲဝင်ဝင်ချင်း အိမ်ကအလုပ်သမားတွေ ဒီလိုရှုပ်ယှက်ခတ်နေတာကလည်း အရင်အတိုင်းပြောင်းလဲမသွားချေ။ ဟေသာ ဧည့်ခန်းထဲဝင်ထိုင်ချင်ပေမဲ့လည်း သူ့ကိုစူးစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကြောင့် အဲ့ဘက်ကိုတောင် လှည့်မကြည့်မိပါ။ အမှန်တိုင်းပြောရလျှင် လှည့်မကြည့်ရဲသည်ပါ။ သူတို့ ဘယ်နှယောက်ထိုင်နေမှန်းလည်း ဟေသာမသိ။

"သူဌေးကြီးက သူ့အခန်းကိုလာခဲ့ပါတဲ့"

ခဏလေးအတွင်း သွားပြောပြီးပြန်ရောက်လာသည့်သူလေးကြောင့် ဟေသာ ထိုမျက်လုံးတွေအောက်မှ လွတ်မြောက်သွားသည်မို့ ကျေးဇူးတင်မိသည်။ ဟေသာ ဒီလိုမျိုးအကြည့်တွေ ခံရတာကိုအမြဲလစ်လျူရှုနိုင်ခဲ့ပေမဲ့ ဒီအိမ်မှာတော့မဟုတ်ပါ။

"အထဲဝင်သွားလိုက်ပါနော်"

အခန်းဝထိလိုက်ပို့ပေးပြီးပြောတာကြောင့် ဟေသာ ခေါင်းညိတ်လိုက်သည်။

ဒေါက်... ဒေါက်။

"ဝင်ခဲ့!"

ဟေသာ တံခါးခေါက်လိုက်သည်နှင့် အထဲကနေ အာဏာသံပြည့်နှက်နေသောအသံဟာ နားထဲတိုးဝင်လာသည်။ ဒုတိယအကြိမ်အသက်ဝဝရှူပြီး တံခါးကိုဖွင့်ရပြန်သည်။

ဟေသာ အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် သူ့ကိုစောင့်နေသည့် လူအိုကြီးတစ်ယောက်ကိုမြင်ရသည်လေ။ အလုပ်စားပွဲရှေ့က ဧည့်သည်ထိုင်ဖို့လုပ်ထားသည့် စားပွဲဝိုင်းတွင်ထိုင်နေခြင်းလေ။ ဆံပင်ဖြူတွေဟာ အရောင်မဆိုးထားသဖြင့် တစ်ခေါင်းလုံးဖြူဖွေးနေပြီ။

"မတွေ့တာကြာပြီနော် ဖိုးဖိုးကြီး"

ဟုတ်ပါရဲ့ ဒီလူကြီးက ဟေသာ့ရဲ့အဖိုးပါလေ။ အဖိုးအရင်းဖြစ်သူပေါ့။ ဟေသာ နှုတ်ဆက်လိုက်သော်လည်း အဖိုးဖြစ်သူက ဘာမှမပြောပဲ ထိုင်ခုံမှာထိုင်ဖို့သာ ညွှန်ပြသည်လေ။ ထို့ကြောင့် ဟေသာလည်း ဘာမှမပြောတော့ပဲ နေရာမှာဝင်ထိုင်လိုက်သည်။ ခဏအကြာအထိ သူ့အဖိုးဟာ ဘာမှပြောမလာပဲ သူ့ကိုကြည့်နေသည်မို့ အသက်ရှူကျပ်လာသလိုခံစားရသည်။ ဟေသာ ဒီလာရင် လုံလုံခြုံခြုံပဲဝတ်လာနေကြပါ။ အခုဆိုလျှင် ဟေသာ အပြင်ဆင်ကိုတောင်အာရုံမစိုက်နိုင်ပဲ အဆင်ပြေသလိုသာဝတ်လာခြင်းလေ။

လွမ်းပျက်ပြယ်Where stories live. Discover now