အပိုင်း {၁၅} [ဂ]

5.9K 614 33
                                    

ဟေသာ ကျောင်းကအပြန် ဘရဏီ့ဆိုင်ဝင်တော့ ဘရဏီဟာ ဆိုင်မှာမရှိချေ။ ဟေသာ့ရင်ထဲမွန်းကျပ်လာသည်။ အိမ်ပြန်ရောက်လျှင်လည်း ဘရဏီရှိမှာမဟုတ်ဘူးဆိုတာ ဟေသာသိတယ်လေ။ ဒီလိုဖြစ်တာရက်ပိုင်းမဟုတ်တော့ဘူး နှစ်လပင်ပြည့်တော့မယ်။ ဘရဏီ ခြေလှမ်းတွေစတင်ပျက်လာခဲ့သည်။ အစကတော့ တစ်ပတ်မှာ တစ်ရက်လောက် အလုပ်ကိစ္စဆိုသည့်စကားဖြင့် ပျောက်သွားတတ်သည်။ ထိုတုန်းက တစ်ရက်လောက်ပဲဆိုတော့ ဟေသာလည်း ယုံကြည်ခဲ့၏။ ဒါပေမဲ့ အဲ့လိုကနေမှ တစ်ဆင့်ချင်းပိုဆိုးလာသည်။ ရက်တွေဆက်လာသည်။

သို့သော် ဟေသာ သံသယဝင်စွာ မစုံစမ်းခဲ့ပါ။ ဘရဏီ့ကို ဟေသာ ယုံကြည်ချင်သည်။ တကယ်လို့ ဟေသာထင်တာမှားခဲ့ရင် ဘရဏီ့အတွက်ကောင်းမှာမဟုတ်ဘူးလေ။ ကိုယ့်ချစ်သူရည်းစားက ကိုယ့်ကိုယ်မယုံကြည်တာလောက် ဝမ်းနည်းစရာကောင်းတာမရှိဘူး။

"ဘေဘီ စီးကရက်သောက်နေတာလား"

ဝရံတာကိုမှီပြီး စီးကရက်သောက်နေတဲ့ ဟေသာ့ကိုတွေ့တော့ ဘရဏီကမလုံမလဲမေးလာသည်။ ဟေသာ အိမ်ပေါ်ကနေဘယ်သူနဲ့ပြန်လာတယ်ဆိုတာ၊ ဘယ်သူလိုက်ပို့တယ်ဆိုတာကို စီးကရက်သောက်နေရင်းမြင်ပြီးပြီလေ။

"ကိုယ့်ကိုလည်း တစ်လိပ်လောက်"

ထိုသို့ပြောရင်း အနားရောက်လာတော့ ဟေသာ့ရင်ထဲစစ်ခနဲဖြစ်သွားရသည်။ အရင်က သူ့ကိုစီးကရက်မသောက်ဖို့တဖွဖွပြောခဲ့တဲ့ ဘရဏီက အခုတော့ သူ့ကိုတားမယ့်အစား သူနဲ့အတူလာသောက်နေတယ်တဲ့လား။

"ခင် ဒီနေ့ဘယ်တွေသွား..."

"အိပ်ရအောင် ကိုယ်ပင်ပန်းနေပြီ ဘေဘီရဲ့ နည်းနည်းလည်းသောက်လာတော့"

စကားလမ်းကြောင်းကောင်းကောင်းလွှဲလိုက်သည့် ဘရဏီရယ်ပါ။ ဒီလူနဲ့ပြန်လာတဲ့နေ့တိုင်း ဘရဏီကသောက်လာတတ်သည်ကို ဟေသာသိသည်။ အခုလည်း ဟေသာ့လည်ပင်းနားကို မျက်နှာအပ်လာရင်း ဟေသာ့လည်တိုင်လေးကိုနမ်းရှိုက်ရင်း ဘရဏီပြောလာခြင်းလေ။ သူ့ရဲ့ ရီဝေဝေအကြည့်က သူနဲ့အတူလိုက်ဝင်သွားလျှင်ဘာဖြစ်မလဲဆိုတာ ဟေသာသိနေသည်။ ထို့ကြောင့် ဟေသာ ခေါင်းခါလိုက်မိသည်။ ဟေသာ စိတ်မပါပါ။ အထူးသဖြင့် ပြောင်းလဲလာသည့် ဘရဏီကြောင့် ဟေသာ မွန်းကျပ်နေသည့်စိတ်ကလွဲလျှင် ဘာမှမသိတော့ပါ။

လွမ်းပျက်ပြယ်Where stories live. Discover now