အပိုင်း {၂} [ဂ]

7K 615 16
                                    

"ဘာကြောင့် သူက နင့်ပြဿနာဖြစ်ရတာလဲ ငယ်။ ငါ မရှင်းဘူး"

"ငါဘယ်လို ရှင်းပြရမလဲမသိဘူး ရှင်းရှင်းပြောရရင်တော့ ကိုကိုနဲ့ အဲ့အစ်မ ပတ်သက်မှုက ငါ့ကို သဝန်တိုမှုဖြစ်စေတယ်။ ကိုကိုက အဲ့အစ်မကို အမြဲဦးစာပေးဆက်ဆံတာတွေ... ငါနဲ့ ဒိတ်နေရက်နဲ့ သူ့ကိုလာခွင့်ပြုတာတွေ!...

ငါနဲ့ ဒိတ်နေရဲ့သားနဲ့ပဲ သူ့ဆီသွားတာတွေက တွဲနေတဲ့ ၆ လအတွင်း တစ်ပတ်မှာ သုံးခါဒိတ်ရင် တစ်ခါ သို့မဟုတ် နှစ်ခါက သူနဲ့အမြဲတွေ့နေရတယ်။ ကြာတော့ကွာ ငါ..."

ငယ့်ရဲ့စကားများ ရပ်တန့်သွားသည်။ ညွှန်းလည်း ငယ်ဘာဖြစ်နေလဲ သိရှိသွားပါပြီ။ ကြားလူပါချင်သလို ဖြစ်နေတဲ့ ဆက်ဆံရေးလား။ ငယ်နဲ့ သူ့ရည်းစားဆက်ဆံရေးဟာ ၆ လပဲရှိသေးသည်ဆိုတော့ ညှိနှိုင်းစရာတွေလိုသေးလို့ ထင်ပါ၏။

"အဲ့ဒါဆို နင်နဲ့ နင့်ကိိုကို သေချာညှိယူသင့်တယ် ငယ်။ နင် မကြိုက်ရင်မကြိုက်ဘူးပြောလေ... နင်မပြောရင် အရိပ်ကဲ နားမလည်တတ်တဲ့သူဆိုသိမှာမဟုတ်ဘူး။ နောက်ဆို ပိုရှုပ်လာနိုင်တယ်။ အဲ့ဒါကိုမှ ညှိမရရင် သူတို့နှစ်ယောက်ဆက်ဆံရေးက သာမန်ထက် ပိုတဲ့ဆက်ဆံရေးလို့ နင်သိနိုင်ပြီလေ... အဲ့ကျရင်တော့ ဘာလုပ်သင့်လဲဆိုတာ နင်သိမှာပါ ငယ်"

ညွှန်းစကားအဆုံးမှာ ငယ်ဟာ ခေါင်းတဆတ်ဆတ်ခါလေသည်။ ဘာလဲ ငယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောဖူးပြီးသားလား။

"ငါ... ငါ မပြောဘူး ဖွဲ့ရာ။ အဲ့ အစ်မနဲ့ ပတ်သက်ပြီး ကိုကို့ ကိုမပြောရဲဘူး"

"မပြောရဲရအောင် အဲ့တစ်ယောက်က နင့်ကို ခြိမ်းခြောက်ထားလို့လား ငယ်ရယ်... နင်သူ့ကို ရှိန်နေတာ နားလည်ပေမဲ့ ကြောက်ဖို့တော့ မလိုပါဘူး။ မဟုတ်ရင် နင် ဒီလိုပင်ပန်းနေရမှာ"

လွမ်းတေးသံဆိုတဲ့ မိန်းမကို ငယ် ရှိန်နေမယ်ဆိုတာသူသိသည်။ ငယ်သာ သူ့ကို ပြိုင်ဘက်လို့သဘောထားလိုက်လျှင် ပိုလို့တောင်ဆိုးမည်။ သိမ်ပါ သိမ်ငယ်သွားလောက်မည်လေ။ ဒီလိုပြောလို့ ငယ်ဟာ မလှမပတဲ့သူမဟုတ်ချေ။ ခန္ဓာကိုယ်အချိုးစားအရ အရပ်ကသူ့လောက်နီးနီးရှည်သည်။ အသားရည်လည်း လှသလို မျက်နှာလေးကလည်း ရှေ့ဆံမြတ်ချထားလို့ နုဖတ်ဖတ်။ ဆံပင်အရှည်ဟာတော့ ခါးလည်လောက်ရှိ၏။

လွမ်းပျက်ပြယ်Where stories live. Discover now