အပိုင်း {၁၀} [ဂ]

6K 674 59
                                    

မမလွမ်းရဲ့ နှုတ်ခမ်းထက်က ညွှန်းသဘောကျလာပြီဖြစ်တဲ့ လှောင်ပြုံးကိုတွေ့လိုက်သောအခါ ညွှန်းလန့်မိသွားသည်။ မမလွမ်းဟာ သူ့ကိုဘာအဖိုးအခတောင်းဖို့လဲ။

"ပန်းချီဆွဲဖို့ ညွှန်းရာ မော်ဒယ်ထိုင်ပေးရမှာဘာညာတော့မလုပ်ဘူးနော် မမလွမ်း"

"အဟွင်း"

ညွှန်း လန့်လန့်ဖြင့်ပြောလိုက်သည့် စကားကြောင့် မမလွမ်းရဲ့အပြုံးဟာပိုမိုအသက်ဝင်သွားခဲ့သည်။

"ဘာလို့ရယ်တာလဲ မမလွမ်း"

"မင်းလျောက်ထင်နေလို့ရယ်တာလေ။ တို့က ပင်လယ်ဆည်းဆာကိုပုံဆွဲချင်လို့ တကူးတကကြီးဒါတွေယူလာခဲ့တာလေကွယ်... မင်းပုံကိုဆွဲချင်မှတော့ ရန်ကုန်ကတည်းကဆွဲမှာပေါ့"

မမလွမ်း၏ အပြောကြောင့် ညွှန်းရှက်သွားမိသည်။ မမလွမ်းပြောတာလည်း ဟုတ်ပါရဲ့။ ညွှန်းကို မော်ဒယ်ထိုင်ခိုင်းရအောင် ညွှန်းကဘာမို့လို့လဲ။ ညွှန်းတော့ အတွေးလွန်နေပြန်ပြီ။

"အဲ့... အဲ့ဒါဆို မမလွမ်းတောင်းမယ့် အဖိုး..."

"တို့အနားရှိပေး"

ညွှန်းစကားတစ်ဝက်ပင်မရောက်သေးပါပဲ မမလွမ်းရဲ့ဖြတ်ပြောခြင်းကိုခံလိုက်ရသည်။ မမလွမ်းဟာ အခုသူ့အနားမှာရှိနေခိုင်းနေတာလား။ မမလွမ်းအဲ့လိုရုတ်တရက်ထထပြောတိုင်း ညွှန်းမှာ မမလွမ်းကိုနားမလည်ရချေ။

"ရှင် ဘာကို!"

"ဒီနေ့တစ်ရက် တို့အနားမှာရှိပေးလို့လေ။ တို့ ဒီနေ့ကိုတော့ လူရှုပ်ရှုပ်နဲ့မဖြတ်သန်းချင်ဘူး ညွှန်းရာ..."

မမလွမ်းဟာ မထိုင်သေးတဲ့ညွှန်းကိုမော့ကြည့်ရင်းပြောနေရာမှ စကားကိုခဏရပ်တန့်လိုက်သည်။ ပြီးမှ ညွှန်းရင်ကိုလှိုင်းလုံးဖြင့်ရိုက်ခတ်သဖွယ်ခံစားရစေသောစကားကိုပြောလာသည်။

"တို့လေ ဒီနေ့တစ်နေ့ကိုတော့ ညွှန်းရာနဲ့ပဲအတူကုန်ဆုံးချင်တယ်"

ထွဋ်ခေါ်ဆီကချစ်ကြောင်းတွေ ရိုးမရအောင်အများကြီးကြားခဲ့ဖူးသည်။ မထင်ထားတတ်တဲ့ Suprise တွေနဲ့ ရင်ခုန်အောင်ခဏခဏအလုပ်ခံရဖူးသည်။ သို့သော် အခုမမလွမ်းပြောလိုက်သည့် စကားတစ်ခွန်းလောက် ညွှန်းရင်မခုန်ခဲ့ရဖူးပါ။ ညွှန်းရင်ခုန်ရသလို တစ်ချိန်တည်းမှာပဲ ကြောက်လာမိသည်။ ညွှန်း ဘာကြောင့်ဒီလိုတွေဖြစ်နေရတာလဲ။

လွမ်းပျက်ပြယ်Where stories live. Discover now