အပိုင်း {၂၀} [က]

5.4K 669 31
                                    

"တေးသံ!!"

နားထဲစူးဝင်လာသည့် ဒေါသသံလေးကြောင့် လွမ်း လက်ထဲကဓားလေးလွတ်ချလိုက်မိသည်။ ထို့နောက် အနားရောက်လာသည့် ဟေသာက သူ့ပခုံးလေးကို ဆောင့်တွန်းသည်။

"ရူးနေတာလား ဟင့်အင်း ငါ့ကိုရူးသွားစေချင်တာလား တေးသံရယ် ဟမ်!"

လွမ်း လွှတ်ချထားသည့် ဓားကို ဟိုဘက်ဆွဲပို့ပြီးပြောလာသည့် ဟေသာ့ရဲ့ ပင်ပန်းနေတဲ့မျက်နှာလေးကိုကြည့်ကာ လွမ်း ရင်ထဲစို့နစ်သွားသည်။ ထပ်ဖြစ်ပြန်ပြီလား။

"ဆောရီး တေးသံ အဲ့လိုအရူးမထတတ်ပါဘူးကွယ်။ ဒါက..."

"ထပ်ပြီး စိတ်လွတ်သွားတာလား ဘယ်နှကြိမ်ရှိနေပြီလဲ လွမ်းတေးသံရယ် ဟမ်! ဒီ တစ်လအတွင်း ဒီလိုဖြစ်နေတာ ၅ ကြိမ်မကတော့ဘူးဆိုတာ သိရဲ့လား"

လွမ်း လက်ကလေးတင်းခနဲဆုပ်မိသွားသည်။ လွမ်းလည်း ဒီလိုမဖြစ်ချင်ပါဘူး။ လွမ်း အသိဝင်လာတဲ့အချိန်တွေမှ ဒီလိုတွေလုပ်နေမိမှန်းသိတာ။ ဟေသာဆို ကောင်းကောင်းမအိပ်နိုင်ပဲ လွမ်းကိုသာ စောင့်ကြည့်နေရသည်။ ဆရာဝန်တွေက ကောင်းကောင်းအိပ်စက်ဖို့လိုတယ်ပြောပြီး လွမ်းကို ပေးတဲ့ဆေးထဲ အိပ်ဆေးအချို့ပါသော်လည်း လွမ်း အိမ်မက်တွေကြောင့်အမြဲလန့်နိုးရသည်။

"ကျွတ်စ် ထပ်ပြီး! လာ"

လွမ်းရဲ့ လည်ပင်းက အင်္ကျီစကိုလှန်ကြည့်ပြီး ဟေသာက လွမ်းလက်ကို ဆွဲပြီး ဧည့်ခန်းထဲသို့ခေါ်သွားသည်။ ဆေးထည့်ပေးဖို့ဆိုတာအသိသာကြီးမလား။ လည်ပင်းနားသွေးစို့နေတဲ့ အနာလေးတွေကိုဟေသာညင်သာစွာဆေးထည့်ပေးသော်လည်း စပ်လွန်းလှသည်။ ထင်ထားတာထက်ပိုများတဲ့ကုတ်ရာတွေကြောင့် ဟေသာသည်နောက်မဖြစ်အောင် ပတ်တီးပါစီးထားပေးသည်။ ထိုသို့ ဟေသာလုပ်ပေးခြင်းက လွမ်းတစ်ကိုယ်လုံးလည်း ပတ်တီးတွေပြည့်တော့မည်လေ။ လွမ်း ကုတ်ခြစ်ထားမိသည့်နေရာက လည်ပင်းတင်မှမဟုတ်ပဲကို။

"ဟေသာ ကျေး...ကျေးဇူးပြုပြီး မငိုပါနဲ့"

လွမ်းရဲ့ ပုံစံကို မချိတင်ကဲကြည့်စွာငိုလာသည့် ဟေသာ့မျက်ရည်တွေကို သုတ်ပေးဖို့လက်လှမ်းလိုက်သည်။ သို့သော် ဟေသာက အထိမခံပဲနောက်ဆုတ်သည်။ ပြီးနောက် မျက်နှာကိုလက်နှစ်ဖက်အုပ်ပြီး မငိုဖို့စိတ်ထိန်းလိုက်ပုံရသော်လည်း ဟေသာသည် မထိန်းချုပ်နိုင်ခဲ့ပါ။

လွမ်းပျက်ပြယ်Where stories live. Discover now