ညွှန်း သက်ပြင်းရှည်ချလိုက်မိသည်။ ညွှန်းနဲ့ မမလွမ်းဟာခုနကအထိအဆင်ပြေခဲ့ပါတယ်လေ။ ဒါပေမဲ့ အခုတော့ ညွှန်း အဆင်မပြေနိုင်တော့ပါ။ မမလွမ်း ဖုန်းထပြောတာ မိနစ်နှစ်ဆယ်နီးနီးရှိပြီ။ ထိုပြောနေသည့်သူကလည်း ဟန်လင်းမောင်ပင်။ မမလွမ်းတို့အကြောင်းကို ခရီးထွက်တုန်းက သိခဲ့ပြီးသားဖြစ်သော်လည်း စိတ်မချဖြစ်နေသေးသည်။ ဒါဟာ ညွှန်းအမှားတော့မဟုတ်ဘူးထင်ပါရဲ့။ ညွှန်းက မမလွမ်းကို ချစ်နေရသည်မို့ ဒီလောက်တော့ဖြစ်မိမှာပဲမဟုတ်လား။
အချိန်အားဖြင့် နာရီဝက်နီးနီးကြာလာတော့ ညွှန်း လုံးဝအဆင်မပြေတော့ပဲ အပြင်ထွက်သွားလိုက်သည်။ မမလွမ်းက ဝရံတာမှာဖုန်းထွက်ပြောနေသည်လေ။ ဒါပေမဲ့ ညွှန်းထွက်လာတော့ပြောပြီးသွားတဲ့ပုံပင်။ သို့သော် အဲ့နေရာတွင်သာရပ်နေပြီး အတွေးလွန်နေပုံပေါ်၏။
"အို့!"
တကယ်ပဲအတွေးလွန်နေသည့် မမလွမ်းက ညွှန်းအနားရောက်လာတာထိမသိချေ။ ထို့ကြောင့် ပခုံးလေးပေါ်လက်နှင့်အသာတို့ထိခေါ်လိုက်မှသာ လန့်သွားလေသည်။
"ဟို တောင်းပန်ပါတယ် မမလွမ်း အရမ်းလန့်သွားတာလား"
မမလွမ်းက ရင်ဘတ်လေးပေါ်လက်ဖိထားရင်းကနေ ခေါင်းလေးခါသည်။
"ဟင့်အင်း လွမ်း ရုတ်တရက်မို့ လန့်သွားရုံပါ"
မမလွမ်းက သူ့ကိုယ်သူ လွမ်းလို့သုံးနှုန်းတဲ့အခါတိုင်း အရင်ကထက် နူးညံ့နေသယောင်ခံစားရသည်။
"မမလွမ်း ဒီမှာဘာလုပ်နေတာလဲဟင်... အပြင်မှာ ဒီနေ့မှလေအရမ်းတိုက်နေသလိုပဲ အထဲမဝင်သေးဘူးလား"
မမလွမ်းက သူပြောတော့ ခေါင်းလေးညိတ်ပြသည်။ အထဲမဝင်ချင်သေးတဲ့သဘောလား။
"ဒီမှာနေချင်သေးလို့လား"
"ဟုတ်ရဲ့ လွမ်း ကြယ်တွေပျောက်နေတဲ့ ကောင်းကင်ကြီးကိုခဏကြည့်နေချင်သေးလို့"
မမလွမ်းပြောမှ ညွှန်းလည်း ကောင်းကင်ကြီးကိုကြည့်မိသည်။ လကိုတိမ်တွေဖုံးနေပြီး ကြယ်တွေလည်း ဒီညသိပ်မရှိသည်မို့ ကောင်းကင်ကြီးက မှောင်မဲလို့နေ၏။ ဒါပေမဲ့ ဒါက ဘာမှသိပ်ထူးခြားတာမှမဟုတ်ပဲ။ ဒါကို မမလွမ်းက ဘာလို့ကြည့်နေသည်လဲ။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...