အပိုင်း {၂၃} [က]

5.9K 588 28
                                    

ကားလေးထိုးရပ်သွားတော့ ငယ်ဟာ သူ့အိတ်လေးယူပြီး ကားပေါ်ကဆင်းဖို့လုပ်သည်။ ထို့ကြောင့် ငယ့်လက်လေးကို ဟေသာ အလျင်မြန်လှမ်းဆွဲလိုက်ရ၏။

"ဟို..."

ငယ်က သူ့လက်မောင်းလေးကိုလှမ်းဆွဲသည့် ဟေသာ့လက်လေးကို အရင်ကြည့်သည်။ ပြီးမှ ဟေသာ့ကိုကြည့်သည်လေ။ ဟေသာ ပြောမည့်စကားတွေက မထွက်ပါ။

"ဟို... လေပြေ"

ငယ်သည် ဟေသာပြောတော့ ခေါင်းလေးညိတ်ပြသည်။ ဟေသာ လက်ထပ်မယ့်ကိစ္စကို ဘယ်လိုပြောရပါ့မလဲ။ ပြီးတော့ ဒီကိစ္စကိုနှုတ်ပိတ်ပေးပါဆိုတာကိုရော ဘယ်လိုပြောပြရမလဲ။

"ဘာမှမဟုတ်ပါဘူး ဂရုစိုက်လို့"

ငယ်ဟာ ပြန်ပြောမယ့်သူတော့မဟုတ်ဘူးလေ။ ထို့ကြောင့် ဟေသာ မပြောတော့ပါ။ တကယ်လို့ ငယ်ပြတ်မေးလာမှ ဟေသာ့အတွက် ပြန်ဖြေရမှာအဆင်မပြေဖြစ်မည်မဟုတ်လား။

"မမရောပဲ ဂရုစိုက်ပါ"

ဟေသာ့ကို အပြုံးလေးနှင့်ပြောလာသည့် ငယ့်၏အပြုံးလေးကိုမြင်တော့ ဟေသာ့ရင်ထဲပူလောင်နေတာတွေ ငြိမ်းသက်လိုက်သလို။ ဟေသာ ခေါင်းညိတ်ပြလိုက်ပြီး လက်လေးကိုလွှတ်ပေးလိုက်မှ ငယ်ဟာ ကားပေါ်ကဆင်းသွားသည်။ ဟေသာ့ရှေ့မှ ငယ့်ပုံရိပ်လေးပျောက်သွားသည်နှင့် ဘရဏီပြောခဲ့သမျှ ခေါင်းထဲတိုးဝင်လာသည်။ ဟေသာင မသိချင်ခဲ့ဘူးတဲ့လား။ ဘရဏီ့အမြင်မှာ ဟေသာက အဲ့လိုလူဖြစ်ခဲ့သလား။ ဟေသာ အရမ်းသိချင်ခဲ့တာပေါ့။ ကိုယ်ချစ်တဲ့သူအကြောင်းကို မသိချင်တဲ့သူဟာရှိမလား။ ဒါပေမဲ့ ဟေသာယုံကြည်ချင်ခဲ့တယ်။ ယုံကြည်ခဲ့တယ်။

ဘရဏီ့နှုတ်ကမပြောပဲ သူ့နောက်ကြောင်းတွေကို ဟေသာလိုက်စုံစမ်းရလောက်တဲ့အထိ ဟေသာ Privacy မချိုးဖောက်ချင်ခဲ့ဘူး။ ဘရဏီ့အပေါ် Respect မရှိမှာစိုး၍ ထိုစိတ်လေးကို သိမ်းထားခဲ့မိတာ။ ဒါလည်း ဟေသာ့အပြစ်ပဲပေါ့။ ဘရဏီဘာတွေရင်ဆိုင်ခဲ့ရလည်း ဟေသာမသိဘူး။ သိအောင်လည်း မပြောပြခဲ့ဘူးလေ။ အခုချိန်မှ ဒီစကားတွေက အသုံးမဝင်တော့ဘူး။ ပြီးဆုံးသွားပြီ။ အားလုံးဟာ ပြီးဆုံးခဲ့ပြီ။

လွမ်းပျက်ပြယ်Where stories live. Discover now