အပိုင်း {၅} [က]

6.2K 667 41
                                    

အချိန်တစ်နာရီခွဲကျော်လောက်က ဒီနေ့မှ ဘယ်လိုကုန်လို့ ကုန်သွားလည်းမသိလိုက်။ ညွှန်း အကြည့်တွေဟာ ဒီနေ့တစ်နေ့လုံး လွမ်းဆီသို့ မရည်ရွယ်ပဲ ရောက်ရောက်သွားသည်။ ထို့ကြောင့် သေချာသည်က ဒီအချိန်ကိုနောက်လာမဆော့ဖြစ်အောင်နေရမည်။

ပြန်ခါနီးမို့ အဝတ်မလဲခင် ရေချိုးခန်းခဏဝင်ရသည်။ Gym ရေချိုးသည့်နေရာမှာတော့ မချိုးရဲတာမို့ မျက်နှာနှင့် ကိုယ့်လက်သန့်စင်ရုံသာလုပ်နေကြလေ။ ထိုနေရာတွင် မမလွမ်းကိုတွေ့တော့ မမလွမ်းသည်လည်း ထိုနည်းတူပင်။

"ဟိုလေ ညွှန်း အင်္ကျီနောက်မှ ပြန်လျော်ပေးမယ်နော်"

"မင်း သဘောပဲ"

ထိုသို့သာ လွမ်းဟာ ပြောရင်းအရင်ထွက်သွားသည်။ ညွှန်းကတော့ မပြီးသေးသည်မို့ နောက်မှ လိုက်ထွက်ပြီးရော လွမ်းဟာ အဝတ်လဲပြီးနေသည်။ ပြန်တော့ဖို့အဆင်သင့်ဖြစ်နေသည့် လွမ်းကို ညွှန်း ဘယ်လိုနှုတ်ဆက်ရမလဲမသိ။ ကောင်းကောင်းသွားပါလို့ပြောရမလား။ ဂရုစိုက်သွားပါလို့ပြောရမလား။ ညွှန်း စဉ်းစားနေဆဲချိန်မှာ ညွှန်း နှုတ်ကထွက်သွားသည့် စကားတစ်ခွန်းဟာ သိပ်ကိုအသိညဏ်မဲ့သည်။

"အိမ်လိုက်ပို့ပေးရမလား မမလွမ်း"

ညွှန်းဆီက မထင်ထားသည့်စကားမို့ လွမ်းမျက်နှာတွင်လည်း အံ့ဩရိပ်စွန်းသွားတာကို ညွှန်း ဖျက်ခနဲမြင်လိုက်ရသည်။ ညွှန်း ကိုယ်တိုင်တောင် ဘာပြောလို့ပြောမိမှန်းမသိ အံ့ဩနေတာမလား။

"မင်း ဆန္ဒရှိရင်ပေါ့"

မမလွမ်း လက်ခံလိုက်မှ ရင်ထဲကအလုံးတစ်ခုကျသွားတယ်လို့လည်းခံစားရသည်။ စိတ်ထဲမှာ ငြင်းမယ်လို့ထင်ခဲ့၍ ထိုသို့ဖြစ်ခဲ့သည်လား။ ညွှန်းကရော ဘာဖြစ်နေတာလဲ။ ငယ်ငယ်ကတည်းက မမလွမ်းကို ခင်ချင်၊ ရင်းနှီးချင်တဲ့ စိတ်ကအခုထိ မပျောက်သေးဘူးလား။ ဒါဟာ အတော်စိတ်ပျက်စရာပဲ။

"အဲ့ဒါဆို ခဏလေးစောင့်ပေးနော်။ ညွှန်း အဝတ်လဲရဦးမှာမို့"

"အွန် အပြင်မှာစောင့်နေမယ်"

အွန်းကိုတောင် သေချာမပြောတာက နားထောင်လို့ကောင်းလွန်းနေသည်။ ညွှန်းလည်း ခေါင်းညိတ်လိုက်တော့ ရှေ့က အရင်ထွက်သွားလေသည်။ ညွှန်းကို အင်္ကျီပေးလို့ထင်ပါရဲ့ လက်တစ်လုံးအင်္ကျီလေးနှင့် နည်းနည်းအဆင်မပြေ။ ခါတိုင်းလို ခါးမတိုတော့အဆင်ပြေပါသည်။ အောက်ပိုင်းစကပ်ဟာတော့ အရင်လောက်မကွဲပေမဲ့ နည်းနည်းတော့ ခွဲထားသေးသည်။ မမလွမ်းမှာ ဒီလိုစကပ်မျိုး ဘယ်နှထည်တောင်ရှိပါလိမ့်။ တစ်နေ့ မမလွမ်းကို လက်ဆောင်ထပ်ပေးရမည်ဆိုလျှင် ပါတိတ်တစ်ဒါဇင်ဝယ်ပေးရမည်။

လွမ်းပျက်ပြယ်Where stories live. Discover now