အပိုင်း {၁၇} [ဂ]

5.7K 688 47
                                    

တကယ်ဆို စိတ်လှုပ်ရှား ဒေါသထွက်နေရမည့်သူက ငယ်လည်း ဖြစ်သည်။ သို့ပေမဲ့ ငယ် ကြောက်ရွံ့နေမိသည့် စိတ်ကပိုနေ၏။ ငယ် ထင်သလိုတကယ်ဖြစ်နေခဲ့လျှင် ငယ် ဘယ်လိုလုပ်ရမလဲ။ ဟန်လင်းနဲ့ ပတ်သက်လျှင် စိတ်နုလွန်းသည့် ငယ်ဟာ အခုလည်း မျက်ရည်တို့စို့နစ်နေသည်။ ဘေးခုံမှာ ထိုင်နေသည့် ညွှန်းကိုကြည့်တော့ အံကြိတ်ထား၍ မေးရိုးကထင်းလို့နေသည်။ စီယာရင်ကို ကျစ်ကျစ်ကိုင်ပုံကလည်း ဒေါသကိုဘယ်လောက်ထိန်းချုပ်ထားသလဲ သိသာလွန်းသည်။

ပြဿနာတစ်ခုကို ဒေါသနဲ့ ဖြေရှင်းတတ်တာ ညွှန်းပုံစံမဟုတ်တာကို ငယ်ကောင်းကောင်းသိသည်။ ဒီလို ဒေါသကြီးပူလောင်နေတဲ့ ညွှန်းပုံစံကိုကြည့်ခြင်းဖြင့် မမလွမ်းအပေါ် ဘယ်လောက်တောင် စိတ်နစ်နေလဲဆိုတာကို ငယ်ခံစားမိသည်။ ဖြစ်နိုင်လျှင် ဒီပြဿနာကအမှားဖြစ်ပြီး သွေးထိုးစကားသာဖြစ်ပါစေဟု ငယ် ဆုတောင်းမိသည်။ သို့သော် ငယ့် ဆုတောင်းမပြည့်ခဲ့ပါလေ။ ငယ်တို့ အိမ်ထဲဝင်ဝင်ခြင်း တွေ့လိုက်ရသည့် မြင်ကွင်းကြောင့်သာဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်နေကြတာလဲ!"

ဒီအသံဟာ ညွှန်းအသံသာဖြစ်သည်။ ဟေသာ သည် ငယ်တို့ကိုတံခါးလာဖွင့်ပေးသူဖြစ်ပြီး အိမ်ထဲဇွတ်ဝင်သွားသူက ညွှန်းဖြစ်လေသည်လေ။ ငယ်လည်း ဟေသာနဲ့ စကားမပြောနိုင်သေးတာမို့ အနောက်ကနေလိုက်သွားလေတော့ ငယ့် စိတ်တွေထောင်းခနဲဖြစ်သွားသည်။ ဆိုဖာပေါ်တွင် မမလွမ်းနဲ့ ဟန်လင်းကထိုင်နေပြီး တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး အကြည့်ခြင်းစုံနေခြင်းဖြစ်သည်။ တခြားအချိန်မှာသာ ဒီလိုမြင်ကွင်းမျိုးမြင်ခဲ့လျှင် ငယ်တို့ တစ်မျိုးထင်မိမှာမဟုတ်ပေမဲ့ အခုတော့ ငယ့်တို့စိတ်ကို ပိုပြီးအထင်မှားစေခဲ့သည်။

"ညွှန်းရာ ဒီကို ဘယ်လိုလုပ်..."

"ဘာလဲ ညွှန်းတို့ရောက်လာလို့ မမလွမ်းတို့ ကြည်နူးစရာအချိန်လေးလျော့သွားတာလား!"

မမလွမ်း မျက်နှာက အလိုမကျဟန်ဖြစ်သွားပြီ ဟန်လင်းမောင်က ထရပ်သည်။

"ညီမ စကားကိုဘယ်လိုပြောလိုက်တာလဲ။ ညီမ စကားက ဘယ်လိုအဓိပ္ပာယ်ရောက်သွားလဲဆိုတာကိုသိရဲ့လား"

လွမ်းပျက်ပြယ်Where stories live. Discover now