အပိုင်း {၂၅} [ခ]

7.7K 741 85
                                    

နာရီကိုကြည့်ပြီး ညွှန်း လက်သည်းကိုက်နေမိသည်။ ဖုန်းခေါ်နေသော်လည်း အခေါ်ခံရသူကမကိုင်သဖြင့် ရင်မောလာသည်။

"မသွားသေးဘူးလား ချိုကိုပိုင်းလေး... သွားဖို့အဆင်သင့်ဖြစ်နေပြီလေ ဟေသာရော"

မမလွမ်းက ညွှန်းကိုလာပြောတော့ ညွှန်း ဘာဖြေလို့ဖြေရမလဲမသိ။ စိတ်ပြောင်းသွားပြီဆိုရင် ဒီခရီးဟာ ဝမ်းနည်းစရာဖြစ်မှာ။

"ညွှန်း Toilet သွားချင်လို့ ခဏနော်"

မမလွမ်းကို လိမ်ရတာစိတ်မလုံ၍ အမြန် Toilet ထဲဝင်လိုက်သည်။

ဒူး... ဒူး...။

ညွှန်း ထပ်ပြီးဖုန်းဆက်ပြင်လိုက်ချိန်မှာဝင်လာသည့် ဖုန်းကောလ်ကြောင့် ညွှန်း လန့်သွားရသည်။ သို့သော် မျှော်နေသည့် ဖုန်းကောလ်လေးမို့ စိတ်သက်သာရာရသွားသည်။

"ဟယ်လို"

"အာ အောက်မှာရောက်နေပြီလား... အိုခေ ငါတို့ဆင်းလာခဲ့တော့မယ် ဒါဆို"

ညွှန်း အခုမှပဲပျော်ရွှင်မှုငွေ့ငွေ့လေးကိုရလိုက်သည်။ အပြင်ထွက်တော့ ဆိုဖာပေါ်မှာထိုင်ရင်း ညွှန်းကိုစောင့်နေကြသည့် မမ နှစ်ယောက်ဟာ စကားပြောနေကြသည်။ နှစ်ယောက်လုံးအဆင်ပြေပြေပြောနေကြသော်လည်း ပျော်ရွှင်နေတာမဟုတ်တာကိုတော့ ညွှန်းသိပါ၏။

"သွားကြမယ်လေ ညွှန်း မောင်းလိုက်မယ်နော်"

နံရံမှာချိတ်ထားသည့် ဟေသာ့ကားသော့လေးကိုယူပြီးပြောတော့ ဟေသာက ခေါင်းညိတ်သည်။ အရင်တစ်ခေါက်ကလို လူမများတော့ ကားငှါးဖို့မလိုအပ်ဘူးလေ။ ဟေသာက သူ့ကားသုံးမည်ပြော၍ ဟေသာ့ကားနှင့် သွားဖို့စီစဉ်ခဲ့ကြတာ။

အိတ်တွေကို ညွှန်းကပဲ ဦးဆောင်သယ်ပေးလိုက်သည်။ အိတ်တွေကို ဘီးပါတဲ့ခရီးဆောင်အိတ်တွေပဲမို့ သယ်ရတာသိပ်မခက်သော်လည်း လှေကားနှင့်မို့ သယ်ရနည်းနည်းခက်သည်လေ။ ဒါကြောင့် ဒီသေးသေးလေး နှစ်ကောင်ထက်ညွှန်းကပိုသယ်နိုင်သည်မဟုတ်လား။ နှစ်ယောက်လုံးကတားသော်လည်း သူတို့သယ်မှ ပိုကြန့်ကြာနေမှာ။

"အရင်ဆင်းနှင့်လိုက်နော်"

ညွှန်းပြောပြီးတော့ မမလွမ်းကို ကားသော့ပေးလိုက်ငည်။ မမလွမ်းနှင့် ဟေသာကလည်း ငြင်းနေမှအချိန်ကြာမှာစိုး၍ အိတ်အသေးလေးတွေယူပြီး ဆင်းသွားသည်။ ညွှန်းကတော့ အိတ်အကြီး နှစ်အိတ်နှင့် နောက်မှလိုက်ဆင်းလိုက်သည်။ အရင်တစ်ခေါက်က သယ်ခဲ့တာ ကြိမ်းသေ ဟန်လင်းမောင်ဖြစ်မည်လေ။ အခုလိုအခြေနေမျိုးမှာ မမလွမ်းတို့ သူ့သူငယ်ချင်းကိုသတိရလေမလား။ ညွှန်း သက်ပြင်းသဲ့သဲ့ချမိသည်။

လွမ်းပျက်ပြယ်Where stories live. Discover now