Hello 📚

9K 491 52
                                    

ပြီးတဲ့ထိ Ongoing လိုက်ပေးတဲ့သူလေးတွေကိုရော... ပြီးမှဖတ်တဲ့သူလေးတွေကိုပါ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီလောက်အပိုင်းတွေအများကြီးကို မငြီးငွေ့ပဲ အဆုံးထိဖတ်ပေးကြတာကိုမြင်တော့ တကယ်ပျော်ရွှင်ပီတိဖြစ်ရပါတယ်။

ရီကတော့ ပြီးသွားတဲ့ Oc နှစ်ပုဒ်တည်းမှာ လွမ်းပျက်ပြယ်က ဖိအားအတော်များခဲ့ပါတယ်။ ကိုယ်မှန်းထားတဲ့အပိုင်းတွေထက် နှစ်ဆများနေခဲ့တယ်။ အပိုင်းတွေ အလည်နားရောက်တော့မှ ကိုယ်တွေးထားတဲ့ဇာတ်အိမ်က အလည်တောင်မရောက်သေးတာမို့ ဇာတ်မြောနေပြီဆိုပြီး စိတ်ဓာတ်ပါကျချင်တဲ့အထိပဲ။ ဒါကို တက်တက်ကြွကြွနဲ့ Ongoing လိုက်ပေးတဲ့သူလေးတွေကြောင့် အတွေးတွေများနေခဲ့ပေမဲ့ အားရှိခဲ့ရပါတယ်။

အစတည်းက နောက်ဆုံးမှာညားရင်ညားမညားရင်ကွဲပြောထားတာမို့ ဇာတ်သိမ်းလေးကတော့ ဒီလိုပဲအဆုံးသတ်ခဲ့တယ်ပေါ့နော်။ သူတို့လေးတွေချစ်ကြိုက်ခန်းလေးတွေကို ထပ်ပြီး အများကြီးရေးပေးချင်ပေမဲ့ အခြေနေအရ မရေးပေးဖြစ်ဘူး။ အပိုင်း ၁၀၀ လောက်ထိရေးစေချင်တာတို့၊ မပြီးသေးပဲဆက်ပြီးရေးစေချင်တဲ့ Ment လေးတွေတွေ့တော့ ပိုပြီးပျော်ရတယ်။ ဒီလောက်အပိုင်းတွေအများကြီးရေးခဲ့တာတောင် မငြီးငွေ့ကြလို့ပါ 💕

ဟေသာတို့ကို Season 2 ရေးစေချင်တာလေးကိုလည်းတွေ့ရပါတယ်။ အဲ့ဒါလေးကတော့လေ သူတို့အတွဲလေးကလည်း Happy Ending မို့ ဇာတ်အိမ်မရှိတော့ပါဘူး။ ဇာတ်အိမ်ရှိလည်း ရေးဖြစ်တော့မယ်မထင်ဘူးရယ်... ဘာလို့လဲဆိုတော့ အချိန်ဘယ်လောက်ထပ်ယူရမလဲမသိလို့ပါ။ တခြားရေးရမယ့် Fic လေးတွေလည်းရှိတော့ အဲ့အတွက်အချိန်မပေးနိုင်ရင် Ongoing လေးမှာတစ်နေမှာစိုးလို့ပါ။

အဲ့အတွက် ရီ Wattpad မှာ Extra ၅ ပိုင်းထိ တိုးတင်ပေးပါ့မယ်။ စာအုပ်ဝယ်တဲ့သူလေးတွေကတော့ စာအုပ်ထဲမှာ စာမျက်နှာအရ Extra အပိုင်းလေးတွေမထည့်ပေးတော့ပဲ QR Code ပါဝင်တဲ့ Extra ၁၀ ပိုင်းကိုဖတ်ရမှာပါ။ ဒါပေမဲ့ Instock မှ စာအုပ်ဝယ်တဲ့သူလေးတွေဆိုရင်တော့ တိုက်က အဲ့ Card လေးထည့်မပေးပါဘူးတဲ့။ Instock ဝယ်တဲ့သူလေးတွေက အဲ့ကဒ်လေးကို လိုချင်ထပ်ဝယ်ရပါမယ်။

လွမ်းပျက်ပြယ်Where stories live. Discover now