မနက်ရောက်တော့ ငယ်တို့ မနက်စာစားပြီးသည့်အခါ လှေရှိရာသို့သွားလိုက်သည်။ လှေငှါးတာကအစ အကုန် ညွှန်းကပဲပြောဆိုသည်။ ဒီလိုနှင့် သူတို့ ၄ ယောက်အတွက် သီးသန့် လှေလေးငှါးခြင်းကပြီးမြောက်သွားသည်။ လှေဖို့တက်ဖို့ပြင်တော့ ငယ်အရင်ဆုံးတက်လိုက်သည်။ လွမ်းက ဒုတိယမြောက်တက်လာသူဖြစ်ပြီး ငယ်လက်ကမ်းပေးလိုက်သည်။ လွမ်းရော ဟေသာပါ ဘာကြောင့် ဒေါက်တွေဝတ်လာလည်း ငယ် စဉ်းစားလို့မရပါ။
လွမ်း သည်လည်း ငယ်လက်ကမ်းပေးတာကို ကျေးဇူးတင်ဟန်ပြုံး၍ အားပြုရင်းတက်သည်။ သို့သော် နောက်တစ်ယောက်ကတော့ အဲ့လိုမဟုတ်ချေ။
"ရပါတယ် မမ ဘာသာတက်မယ်"
ဒီနေရာလေးမှာ လက်ကမ်းပေးစရာလောက်ထိမလိုပေမဲ့ လက်ကမ်းတယ်ဆိုတာက လှေကြမ်းကြားတဲ့ သူတို့ဒေါက်ချွန်ချွန်တွေဟာ အဆင်မပြေမှာစိုးလို့ကူပေးရုံပဲ။ ဒါကို မလိုအပ်ဘူးဆိုတော့လည်း ငယ် ထွက်သွားငည့် ဒေါသလေးကိုထိန်းရင် သူ့ဘာသာတက်ခိုင်းလိုက်သည်။
"သတိထားလေ!"
စေသနာစော်ကားသူ မမလေးဟာတော့လှေထဲရောက်ပြီး ရှေ့မှာထိုင်ရန်သွားနေတုန်း ခြေခေါက်သွားသဖြင့် အနီးနားမှငယ်ဟာ သူမခါးသွယ်သွယ်လေးကို လက်တစ်ဖက်နှင့်ကိုယ်တွယ်ရင်း ထိန်းထားလိုက်ရသည်။
"ရ... ရပြီ လွှတ်လို့"
ငယ့်လက်လေးကိုဖယ်ပြီးပြောသည့် ဟေသာ့ကြောင့် ဒီတစ်ကြိမ်တွင်တော့ ငယ်စိတ်မထိန်းနိုင်တော့ပါ။ အမှန်ဆို အရင်ကျေးဇူးတင်စကားပြောသင့်တယ်မလား။ ဟေသာကတော့ သူ့လက်ကလေးကိုဖယ်ပြီး နေရာရွေးပြီးထိုင်လိုက်ပြီမို့ ငယ်လည်း ဟေသာ့နားလိုက်ထိုင်လိုက်သည်။
"ညီမ အသားကိုမထိချင်လောက်အောင် ညီမအသားက နူနေလို့လား"
ဟေသာဆီမှ ဘာစကားမှပြန်မထွက်ခင် အမူအရာလေးကိုအရင်မြင်တွေ့ရသည်။ ငယ့် ဘက်ကို မျက်လုံးအဝိုင်းသားလေးနှင့်ပြန်ကြည့်ရင်း ခေါင်းလေးခါသည်လေ။
"မဟုတ်ပါဘူး လေပြေ... အဲ့လိုမဟုတ်ပါဘူး မမက..."
"တော်ပါပြီ မရှင်းပြပါနဲ့တော့ ညီမကလည်း အရမ်းထိချင်လွန်းလို့မဟုတ်ပါဘူးနော်။ ဒေါက်စီးထားတာမြင်လို့ ကူညီရုံပဲ ဒါပေမဲ့ စေသနာမရှိတော့ဘူး"
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...