အပိုင်း {၃} [ဂ]

6.2K 659 51
                                    

"ညီမ ဒီနေ့စောတာပဲ"

ညွှန်း ပြန်လာလာချင်း အိမ်အကူကောင်မလေးက တံခါး ဖွင့်ရင်း ပြောလေသည်။

"ဟုတ်တယ် မဝေ ... ဧည့်သည်ပါလို့"

အဲ့တော့မှ အနောက်ကပါလာသည့် လွမ်းကို မဝေက မြင်တော့သည်။

"အဲ့ဒါဆို မဝေ ဧည့်သည်အတွက် တစ်ခုခုပြင်ပေးလိုက်မယ်နော်"

"ရတယ် ရတယ် ညွှန်းဘာသာပဲ လုပ်ပေးလိုက်မယ်"

ညွှန်းက စကားပြောရင်းဝင်သွားပေမဲ့ လွမ်းကတော့ သူ့နောက်က မလိုက်လာပဲ အိမ်ဝမှာ ကျန်ခဲ့လေသည်။

"အစ်မလွမ်းတေးသံ ဝင်လာလို့ရပါတယ်။ ဝင်ခဲ့ပါ... အစ်မလွမ်းတေးသံ လိုက်လာမယ်ထင်လို့ ဆောရီးပါ"

မဝေနဲ့ပြောရင်း တစ်ချက်ဂရုမပြုလိုက်မိသည်က မကောင်းတဲ့ အိမ်ရှင် ဖြစ်သွားမှာစိုး၍ အနားပြန်သွားခေါ်ကာ ညွှန်း တောင်းပန်စကားဆိုလိုက်သည်။ သို့သော် လွမ်း ကတော့ ဘာမှပြန်မပြောပဲ အိမ်ထဲဝင်လာပြီး အိမ်ကို မျက်လုံးကစားသည်။ စူးစမ်းအကဲခတ်သည်ပေါ့။

"ဒီမှာ ထိုင်လို့ရပါတယ် အစ်မလွမ်းတေးသံ"

ညွှန်း ဆိုဖာပေါ်ထိုင်ခိုင်းလိုက်တော့ လွမ်းဟာ ခေါင်းတချက်ညိတ်ရင်း ခြေထောက်ချိတ်ထိုင်လိုက်တော့ ပေါင်တံဖွေးဖွေးလေးနှင့် ခြေသလုံးသွယ်သွယ်လေးဟာ ထင်းခနဲပေါ်လာသည်။ ခက်တော့တာပဲ။

"ခဏနော် ညွှန်း ပြန်လာမယ်"

ညွှန်း ပြောရင်း အခန်းထဲကို ခပ်သွက်သွက် သွားလိုက်သည်။ အခန်းထဲက စောင်အသစ်တစ်ထည်ကို သွားထုတ်လာခြင်းလို့ပြောလို့ရ၏။ ဒီအိမ်မှာ ညွှန်းနဲ့မဝေပဲရှိသည်ပါ။ မဝေက သူတို့အနားကို ကပ်မှာပင်မဟုတ်။ သို့သော် လွမ်း ထို အကွဲကြောင်းနှင့် မလွတ်မလပ် ဖြစ်နေလိမ့်မည်ဟု ညွှန်းထင်၍ယူပေးခြင်းပါလေ။ ညွှန်း ထင်ကြေး အတိုင်းဖြစ်ချင်မှ ဖြစ်လိမ့်မယ်ဆိုသော်ငြားလည်း ညွှန်းကတော့ လွမ်းကို ကြည့်ပြီး မလွတ်လပ်ပဲ စိတ်အိုက်သည်လေ။

"အစ်မလွမ်းတေးသံ ဒါလေး ခြုံထားလိုက်ပါလား"

ညွှန်း အရင်ဆုံး AC (Air Conditioner ) ဖွင့်ပြီးမှ ပေးလိုက်ခြင်းပါ။ လွမ်း ဟာသူ့လက်ထဲက စောင်ကို ကြည့်ပြီး ဘာမှမပြောပဲ ပြန်စိုက်ကြည့်သည်။

လွမ်းပျက်ပြယ်Where stories live. Discover now