အပိုင်း {၁၉} [က]

5.3K 632 24
                                    

"လွမ်းတေးသံက အမြဲလိမ်နေတာ လူလိမ်!... မပေါင်းကြနဲ့"

"ငါ ငါ... မလိမ်ဘူး!!"

စို့နစ်လာသည့်တွေကြောင့် ဝေဝါးလာသည်။ အသံကလည်း ရှက်ရွံ့မှုကြောင့် ကျယ်လောင်သွားသည်။ လူတွေကပြောကြတယ် ကလေးဘဝက ဖြူစင်တယ်တဲ့လေ။ ဒါက လွမ်း အတွက်တော့ လက်ခံနိုင်စွာမရှိသောအရာပါ။

"ငါ့ဖေဖေက နင့်ဒက်ဒီကိုသိတယ် နင့်ကိုနင့်ဒက်ဒီက မချစ်ဘူးတဲ့ နင်က မလိမ္မာဘူးတဲ့။ ငါ့မေမေကလည်း နင်နဲ့ပေါင်းတာမကြိုက်ဘူး"

တခြားကလေးတွေက လွမ်းကို တရားခံကြည့်သလိုကြည့်ကြသည်။

"ထင်ထားပဲ အဲ့ဒါကြောင့် သူ့ကျောင်းဆုပေးပွဲတွေလည်း သူ့ဒက်ဒီ မလာတာ။ ဒါကို သူ့ဒက်ဒီက သူ့ကိုချစ်တယ်ဆိုပြီး ညာနေတာပဲ"

"ဟုတ်တယ်"

စသဖြင့် တစ်ယောက်တစ်ပေါက်ပြောလာသည့် ကလေးတွေကြောင့် လွမ်းခန္ဓာလေးကျုံ့သွားသလိုခံစားရသည်။ လွမ်း ကျောင်းမှာတော့ပျော်ချင်သည်။ လွမ်းအနားမှာ သူငယ်ချင်းတွေအများကြီရှိရင် လွမ်းပျော်သည်။ အများကြီးမရှိလျှင်တောင် လွမ်း အနားမှာတစ်ယောက်ရှိလျှင် လွမ်းအတွက် အထီးကျန်မှုတွေကိုမခံစားရတော့ပါ။ အခုတော့ ဒီဆက်ဆံရေးတွေကပျက်တော့မည်။

ဒါတွေက လွမ်းအပြစ်ကြောင့်သာ။ လွမ်း လိမ်ညာခဲ့မိသည်လေ။ ကိုယ့်ကိုမချစ်တဲ့အဖေက ကိုယ့်ကိုချစ်ပါတယ်လို့ပြောမိခြင်းပါ။ ဒါကလည်း လွမ်း အားကျမိလို့ပါ။ ကျောင်းဆင်းတိုင်းလာကြိုကြတဲ့ သူတို့်မိဘတွေကိုမြင်လျှင်၊ နှစ်တိုင်းရဲ့ကျောင်းဆုပေးပွဲမှာ မိဘတွေအစုံလင်တက်တာမြင်လျှင် လွမ်း အတွက်နာကျင်ဝမ်းနည်းရသည်လေ။ ပြီးတော့ ရှက်လည်းရှက်မိသည်။ သူမအဖေက သူမကို မချစ်ဘူးဆိုတာကို လွမ်း ဘယ်လိုပြောထွက်မည်လဲ။ သူတို့ဆီက လွမ်းနဲ့ပတ်သက်ပြီးပြန်ပြောမယ့်အမြင်တွေကိုလည်း လွမ်း ကြောက်မိသည်ထင်သည်။ ထို့ကြောင့် ဒါနဲ့ပတ်သက်လျှင် လွမ်း အမြဲလိမ်မိသည်။ ဒီတစ်ခုပါပဲ လွမ်း လိမ်မိတာ ဒီတစ်ခုတည်းပါ။

ဒါက သူ့ကို လူလိမ်ဖြစ်စေပြီး သူ့သူငယ်ချင်းတွေကိုပယ်သွားစေခဲ့သည်။ လွမ်း ဘယ်လောက်ကြီးမားတဲ့ အပြစ်ကိုကျူးလွန်မိခဲ့လို့လဲ။ လွမ်းထိုအချိန်မှစ၍ လွမ်း ဘယ်သူ့ကိုမှမပေါင်းရဲတော့ပါ။ ဒါဟာ လွမ်းရဲ့ စိတ်ဒဏ်ရာနောက်တစ်ခုဖြစ်လာခဲ့သည်။ ထိုအချိန်က လွမ်း၂ တန်းအရွယ်ဖြစ်ပြီး အသက် ၇ နှစ်သာရှိသေးသည်။

လွမ်းပျက်ပြယ်Where stories live. Discover now