အပိုင်း {၄} [ဂ]

6.4K 631 29
                                    

ညွှန်း သတိမထားလိုက်မိခင်မှာပဲ ရင်အုပ်ကျယ်ကျယ် ရင်ခွင်ထဲကိုနစ်မြုတ်သွားသည်။ ညွှန်းဟာ အရပ်ရှည်တာတောင် ထွဋ်ခေါင်ဟာ သူ့ထက်ပိုရှည်နေသည်လေ။ ခါတိုင်းဆို ညွှန်း ဖက်တာခံမယ်ဆိုပေမဲ့ အခုတော့ တွန်းထုတ်လိုက်မိသည်။

"စိတ်ဆိုးနေတုန်းလား ရာရာ"

မျက်နှာငယ်လေးနှင့်ပြောနေသည့် ထွဋ်ခေါင်ကိုကြည့်ရင်း အမှန်တော့ စိတ်ဆိုးပြေနေပါပြီ။ ဒါပေမဲ့ အရှိန်မပြေသေးတာကြောင့် ခပ်ခွာခွာနေလိုက်သည်။

"ဘာလာလုပ်တာလဲ"

"ကိုယ်တောင်းပန်ပါတယ် အဲ့လိုတွေ မလုပ်သင့်တာသိပေမဲ့ ကိုယ်က အဝေးကနေဆိုတော့ စိုးရိမ်လို့ပါ"

"သမုတ်လောက်အောင်ထိ စိုးရိမ်ရအောင် ညီမက ဘာတွေလုပ်နေလို့လဲ အစ်ကို!... အဲ့လောက်တောင် ယုံကြည်မှုမရှိဘူးလား အစ်ကိုက ဒီလိုလူမျိုးလို့ ညီမ မထင်ထားခဲ့ဘူး"

"အစ်ကိုက..."

"မကြားချင်သေးဘူး။ အစ်ကိုရဲ့ စိုးရိမ်တာတွေ အချစ်လွန်တာတွေကို မသိချင်ဘူး။ ချစ်တယ်ဆိုပြီး အခြားသူနဲ့ ယုန်ထင်ကြောင်ထင်နေတဲ့ အစ်ကို့ကို နားမလည်တော့ဘူး။ ၃ နှစ်ကျော် တွဲခဲ့ပြီးတာတောင် ညီမ ပုံစံ အစစ်ကို မသိတဲ့ အစ်ကို့ကို စိတ်ပျက်တယ်... ပြန်ပါတော့ တစ်လ ပြည့်တဲ့အထိ ညီမ စဉ်းစားမယ်ပြောထားတယ်လေ"

ညွှန်း အားမနာတိုင်းပြောပြီးမှ ထွဋ်ခေါင်ကိုကြည့်တော့ မျက်လုံးတွေနီရဲလာသည်။ ငိုချင်တာကို အောင့်ထားဟန်။ ယောကျ်ားတစ်ယောက်ဖြစ်နေ၍ မျက်ရည်မကျတာကို ထိန်းထားတာနှင့် တူတော့ ညွှန်း စိတ်လေးတို့ ပျော့ချင်လာသည်။ ညွှန်းသည် အစကတည်းကမှ အသည်းမမာပဲ။

"နောက် တကယ်မဖြစ်စေရပါဘူး ရာရာ... ကိုယ့်ကို ရှင်းပြခွင့်လေးပေးပါလားဟင် ပြီးတော့ အခွင့်ရေးလေး တစ်ခါပဲ ပေးပါနော်"

ညွှန်း လက်နှစ်ဖက်ကို ဆုတ်ကိုင်ရင်း တောင်းဆိုလာသည့် ထွဋ်ခေါင်ကိုကြည့်ရင်း သက်ပြင်းချမိသည်။ ထို့နောက် လက်ကို လွှတ်ချလိုက်ကာ အိမ်ကို Bell တီးလိုက်တော့ ထွဋ်ခေါင် ဟာပို စိတ်ဓာတ်ကျသွားသည့် မျက်ဝန်းတွေနှင့် သူ့ကိုကြည့်နေသည်။

လွမ်းပျက်ပြယ်Where stories live. Discover now