"ဘာလို့ ဒီလိုလုပ်ရတာလဲ ဟန်! ပုံကိစ္စဆိုတာကဘာလဲ"
ငယ့်နောက်လိုက်သွားပေမဲ့မမှီလာသည့် ဟန်လင်းက စိတ်ပျက်စွာနှင့်အိမ်ထဲပြန်ဝင်လာတော့ လွမ်းသည် ဟန်လင်းအနားသွားကာမေးသည်လေ။
"တောင်းပန်ပါတယ်"
"ငါမေးနေတာ ပုံကိစ္စကဘာလဲလို့ ဟန်လင်းမောင်!"
လွမ်း လက်နှစ်ဖက်က ဟန်လင်းရင်ဘတ်ကို အားပါပါစောင့်တွန်းရင်းမေးလေသည်။ လွမ်း ဒီလောက်ဒေါသထွက်တာ ဟေသာတစ်ခါမျှမမြင်ဖူးချေ။ ဟန်လင်းလည်း မြင်ဖူးမည်မဟုတ်ချေ။
"ပြောနေတယ်လေ ဟန်လင်းမောင်!!"
နောက်ထပ်နှစ်ကြိမ်လောက် အားပါပါစောင့်တွန်းလိုက်တော့ ဟန်လင်းဟာနောက်ယိုင်ပြီး ခြေလှမ်းနောက်ဆုတ်ရသည်အထိပင်။
"တေးသံ စိတ်လျော့"
ဟေသာ ဝင်ဆွဲယူရသည်လေ။ ဟန်လင်းကတော့ အပြစ်ရှိသည့် မျက်နှာလေးနဲ့သာ ဘာမှမပြောချေ။
"ဘာလို့ အဲ့လိုလုပ်ရတာလဲ ဘာလို့..."
လွမ်း အသံသည်တိုးဝင်သွားသည်။ ထို့ပြင် ပါးပြင်ပေါ်သို့မျက်ရည်စတို့ဟာ ပေါက်ခနဲတစ်စက်စက်ကျဆင်းလာသည်။
"တောင်းပန်ပါတယ် ငါက နင့်ကိုပျော်ရွှင်စေချင်ရုံပါ"
ဟန်လင်းစကားကြောင့် လွမ်းအကြည့်ရော ဟေသာ့အကြည့်ပါ ဟန်လင်းဆီရောက်သွားသည်။ ဒီလိုလုပ်လို့ လွမ်းပျော်မယ်ထင်ရင် ဟန်လင်းမှားတာပေါ့။ ဟေသာ စိတ်ပျက်မိသွားသည်။
"ဘယ်သူ့သဘောနဲ့ အဲ့လိုလုပ်ရတာလဲ။ အဲ့လိုလုပ်လို့ ငါပျော်ရမယ်ဆိုတာ နင်သေချာလို့လား ဟမ်!!... အခုတော့ ပိုဆိုးကုန်ပြီ နင်တွေ့လား"
ဟေသာနဲ့ ဟန်လင်လောက်တောင် 'နင်နဲ့ငါ' မသုံးနှုန်းသည့် လွမ်းဆီမှထွက်လာသည့် ဒီအသုံးနှုန်းကြောင့် ဟေသာ့နားထဲခါးနေသည်။ ဟန်လင်းသည်လည်း ပင်ပန်းနေသည့် မျက်နှာကိုပွတ်သပ်လိုက်သည်။ မျက်ဝန်းထဲ မျက်ရည်တွေလည်းစို့နစ်နေပြီ။ သူတို့ထဲ ဟန်လင်းမောင်က မျက်ရည်အလွယ်ဆုံးဆို ယုံကြည်ကြလား။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...