အပိုင်း {၁၁} [က]

6.1K 668 46
                                    

မမလွမ်းဆွဲသည်က တကယ့်ကိုသဘာဝကျသည်ပါ။ ဓာတ်ပုံကို ကူးထည့်ထားသည်ထင်ရလောက်အောင်ကို လှတာ ဒါတောင်သနေတာမပြီးသေးဘူးလေ။ ညွှန်း ဆက်ကြည့်ချင်ပေမဲ့ မမလွမ်းဆွဲနေတာ နေလုံးတောင်အောက်ဝင်ခါနီးပြီမို့ ညွှန်း ခါးညောင်းလာသည်။ မမလွမ်းတော့ ညောင်းမညောင်းမသိ။ သူ့ဟာသူသာ စိတ်နှစ်ဆွဲနေသည်က မလှုပ်မယှက်။

"ဟိတ် ဘယ်သွားဖို့လဲ"

ညွှန်း ထရပ်လိုက်တော့ မမလွမ်းဟာ သိစွာဖြင့်မေးလာသည်။ မမလွမ်း Canvas ပေါ်စိတ်ရောက်နေလို့ မသိဘူးထင်နေတာ။

"ထိုင်ရတာ ခါးညောင်းသွားပြီ လမ်းလျောက်ချင်လို့"

"ဟောတော့ မင်းက အဘွားကြီးလား ညွှန်းရာ"

"ဟာ မမလွမ်းကလည်း! မမလွမ်းကသာ နေနိုင်တာ ဒီမှာဖင်ပါ ပူနေပြီ"

"အဟွန်း ဟွင်း"

တင်ပါလေးပွတ်ကာပြောလိုက်တော့ မမလွမ်းဟာ သူ့ကိုကြည့်ပြီးသဘောတကျရယ်လေတော့သည်။

"ကောင်းပါပြီရှင် လျောက်ပါ။ တို့လည်း ပြီးခါနီးပါပြီ ခဏပဲစောင့်"

"ဟုတ်"

ညွှန်းလည်း ဟိုနားဒီနားလျောက်ရင်း နောက်တော့မှကမ်းစပ်နားကသဲပြင်ပေါ်ထိုင်ကြလိုက်သည်။ ညွှန်း ထိုင်သည့်နေရာက မမလွမ်းရဲ့ မြင်ကွင်းထဲမှာပါလေ။ အဲ့အနားကနေ ဘယ်မှ မသွားချင်ခဲ့။ ညွှန်းဆီရွေ့လာတဲ့ ရေလှိုင်းလေးတွေနှင့် ဆော့ကစားနေလိုက်သေးသည်။

၁၅ မိနစ်လောက်နေမှ ညွှန်း အညောင်းပြေ၍ မမလွမ်းဆွဲနေတာကို ထပ်ကြည့်ဖို့ထလိုက်သည်။ အပြီးမသတ်ခင်တောင် ဒီလောက်လှနေသည်က ပြီးများပြီးလျှင်ဆိုသည့်အတွေးနှင့် ညွှန်းဆတ်ခနဲထရပ်လိုက်သည်။

"ဟင် မမလွမ်း!"

ညွှန်း အနောက်လှည့်ကြည့်လိုက်စဉ် မမလွမ်းဟာ ပါလာသည့် သူ့ပစ္စည်းတွေကိုတောင်သိမ်းပြီးနေပြီးဖြစ်ကာ သူ့ဆီကိုလျောက်လာလေသည်လေ။ 

"ရှင် ပြောပါ ညွှန်းရာ"

သူ့အနားကိုရောက်မှ မမလွမ်းဟာ ခပ်ပြုံးပြုံးလေးဖြင့်ဖြေ၏။

လွမ်းပျက်ပြယ်Where stories live. Discover now