ဟေသာနှင့် ချိန်းဆိုထားသည့် ဒီ Cafe မှာ ညွှန်းစောင့်နေတာ နာရီဝက်နီးနီးရှိပေမဲ့ ဟေသာကမရောက်လာသေးပေ။ အစကတော့မလာလောက်တော့ဘူးထင်ပြီး ထပြန်ဖို့လုပ်မလို့ပေမဲ့ နည်းနည်းဇွဲရှိရှိစောင့်ချင်မိသည်။ ဟေသာက ဒီကိုလာဖို့လက်ခံခဲ့သည်မဟုတ်လား။ စိတ်တော့မပြောင်းသွားဖို့မျှော်လင့်တာပဲ။
"ဆောရီး တို့နောက်ကျသွားတယ်"
ညွှန်းအတွေးလွန်နေတုန်းမှာ ညွှန်းရှေ့ခုံမှာဝင်ထိုင်ရင်းပြောလာသည့် သူကြောင့် အတွေးတွေလွင့်မြောနေရာမာ အသိပြန်ဝင်လာသည်။ ဟုတ်ပါသည် သူ့ရှေ့က သူက ဟေသာပါလေ။ ဟေသာ့ရဲ့ သွင်ပြင်က အရင်ကလို တောက်ပြောင်ခြင်းမရှိပဲ မှေးမှိန်နေသည်။ သို့သော် ဒီမိန်းဟာလည်း မမလွမ်းလိုပဲ ဒီလိုပင်ပန်းနွမ်းနွယ်နေတဲ့အချိန်မှာပင်လှရက်လွန်းပါသေးသည်။
"မင်းဘယ်က စသိချင်လဲ"
ကားသော့ကို စားပွဲပေါ်ပစ်တင်ပြီးမေးသည့် ဟေသာ့ပုံစံက ရင့်သီးလွန်းသည်။
"ပြောလေ!"
ဟေသာက စိတ်မရှည်စွာပြောပေမဲ့ ညွှန်း အတွက်ဘယ်ကနေ စမေးရမလဲမသိဘူးမလား။
"ဘာလို့ မမလွမ်းက ညွှန်းကိုချစ်တယ်လို့ပြောနိုင်ရတာလဲ"
ညွှန်း အမေးကြောင့် ဟေသာက မျက်မှောင်ကြုတ်သွားသည်။ ပြီးတော့မှ သက်ပြင်းသဲ့သဲ့ချပြီး သူ့အိတ်ထဲကနေ သော့တစ်ခုကိုထပ်ထုတ်သည်။ ဒါကတော့ ကားသော့ဖြစ်ဟန်မပေါ်။
"ထင်တဲ့အတိုင်းမေးလာတာပဲ ရော့"
ညွှန်း ကော်ဖီခွက်နားထိလက်လှမ်းကာချပေးလိုက်တော့ သော့နဲ့တွဲချိတ်ထားတဲ့ သော့ချိတ်လေးရယ်သာ။ ညွှန်းကိုင်ကြည့်ပြီးမှ ဟေသာ့မျက်နှာကိုပြန်ကြည့်မိသည်။ ဘာ အဓိပ္ပာယ်လဲဆိုတာ ညွှန်းနားမလည်။
"ဒါကဘာလဲ အစ်မဟေသာ"
"လွမ်းတေးသံရဲ့ အိမ်သော့လေ"
ဟေသာ့ဆီက ထိုသို့ကြားလာတော့ ညွှန်း ပိုနားမလည်ဖြစ်သွားရသည်။ အခုဟာက တကယ်ဘာကိုပြောချင်နေတာလဲ။ မမလွမ်း နေမကောင်းဖြစ်နေလို့အိမ်ကိုသွားစေချင်တာမျိုးလား။ ဘာအဓိပ္ပာယ်လဲ။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...