အပိုင်း {၂၁} [ခ]

6.1K 699 28
                                    

"ဘာလို့ဒီလောက်တွန့်ဆုတ်နေတာလဲ တို့ မနာဘူးလို့ပြောပြီးပြီလေ"

လေသံခပ်မာမာလေးပြောလာသည့် မမလွမ်းကြောင့် ဂွမ်းစလေးနှင့် မမလွမ်းလည်တိုင်ကိုမထိရက်ဖြစ်နေသည့် ညွှန်း လက်ကလေးရပ်တန့်သွားသည်။ မမလွမ်းက သူ့အပေါ်အရမ်းခါးသီးသွားပြီထင်ပါရဲ့။

"ဘာကိစ္စငိုရတာတုန်း မင်းကို တို့ကဘာလုပ်..."

"မမလွမ်း ဘာမှမလုပ်ပါဘူး။ ညွှန်းကသာ လုပ်မိတာပါ။ ညွှန်းကသာ ဒီလိုပြန်ပြင်မရတဲ့ အမှားတွေလုပ်မိ..."

"ဒီလိုတွေဆက်ပြောနေမယ်ဆို မင်းပြန်တော့ ညွှန်းရာ"

မမလွမ်းသည်ပြောရင်း သူ့အင်္ကျီလေးကိုဆွဲတင်ပြီးအနာကိုဖုံးဖို့လုပ်သည်မို့ ညွှန်းလက်လေးကို အမြန်လှမ်းဆွဲဖမ်းကာတားလိုက်ရသည်။ ပြီးနောက် ကျဆင်းနေသည့်မျက်ရည်တို့ကို ညွှန်း ကပျာကယာသုတ်လိုက်သည်။

"ညွှန်း တောင်းပန်ပါတယ် ညွှန်း ဘာမှမပြောတော့ဘူးနော် ဆေးလည်းသေချာဂရုစိုက်ထည့်ပေးပါမယ်။ ညွှန်းကို မနှင်ပါနဲ့"

ညွှန်း တောင်းဆိုစွာထပ်ပြောမိတော့ မမလွမ်းကသက်ပြင်းချပြီး ဘာမှပြန်မပြောပဲငြိမ်သက်သွားသည်။ ဒါကိုကြည့်လျှင် မမလွမ်းဟာ သူပြောတာကိုလက်ခံတယ်ဆိုတာသိသာတယ်မဟုတ်လား။ ဒီတစ်ကြိမ်တော့ ညွှန်း စိတ်တင်းထားပြီး မမလွမ်းအင်္ကျီလေးကိုပြန်ချလိုက်သည်။ ထိုစဉ် မမလွမ်းရဲ့အသားဖြူဖြူနုနုလေးပေါ်တွင် ရှိနေသောသွေးခြောက်နေသော အဆင်းကြောင်းတို့ဟာ ညွှန်း စိတ်တင်းထားလျှက်နဲ့ပင် ရင်ထဲစို့နစ်ရပြန်ပါသည်။

သို့ပေမဲ့ မမလွမ်း ခုနကလိုသူ့ကို ခါးသီးစွာပြောလာမှာကိုစိုး၍ လက်မတွန့်အောင်ဆေးထည့်ပေးနေမိသည်။ ညွှန်း မသိလေစသည်က မမလွမ်းသည် သူ့ကိုခါးသီးလို့ပြောတာမဟုတ်ပဲ ညွှန်းမျက်ရည်တွေကိုမမြင်ချင်၍ဆိုတာကိုပေါ့။

"မပြီးသေးဘူးလား"

"ခဏလေးပါ မမလွမ်း ပြီးပါတော့မယ်"

စိတ်မရှည်ဖြစ်လို့လား ညွှန်းကိုမထိစေချင်၍လား ညွှန်းမသိတော့တာကြောင့် ခပ်သွက်သွက်လုပ်ပေးမိသည်။ သူ့အပေါ် မမလွမ်းဒီလောက်ထိ ခက်ထန်ထန်မဆက်ဆံဖူးဘူးလေ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ညွှန်းအပြစ်မဟုတ်လား။ ဟေသာ့စကားတွေကြားပြီးတဲ့နောက် မမလွမ်းအနားကို ညွှန်းပြန်လာဖို့တောင် သတ္တိကြောင်ခဲ့သည်။

လွမ်းပျက်ပြယ်Where stories live. Discover now