အပိုင်း {၆} [က]

6.4K 670 52
                                    

မမလွမ်းဟာ ရယ်ပြီးသည်နှင့် ညွှန်းကို ဘာမှမပြောတော့ပဲ  မုန့်တီဆီသာစိတ်ရောက်သွားလေသည်။ ရှည်လျားနေသည့် ဆံပင်ရှည်တွေကြောင့် စားရခက်မှာစိုး၍ ဆံနွယ်စတို့ကို နားကြားထိုးလိုက်သည့် မမလွမ်းကြောင့် နားရွက်ပေါ်သည့် မှည့်ကလေးဟာ ထင်းခနဲပေါ်လာသည်။ မမလွမ်းဆံပင်ချသည်ကို အခုမှသေချာမြင်ဖူးတော့ ညွှန်း အကြည့်တွေဟာ မမလွမ်းဆီမှာသာ။

မုန့်တီပန်းကန်ဟာ ညွှန်း မျက်စိအောက်တွေဖြစ်ပေမဲ့ ဘာကြောင့်တံတွေးမျိုချမိသည်လဲ။ ဟင်းချိုသောက်လိုက်သည့် မမလွမ်းနှုတ်ခမ်းဆီရောက်သွားတော့ ညွန်းလည်း ရေဆာသလိုဖြစ်လာသည်မို့ မမလွမ်းကိုမကြည့်တော့ပဲ ကိုယ့်အတွက်မှာပေးထားသည့် မုန့်တီကိုသာ စားလိုက်ရသည်။ သို့သော် တစ်ချက်တစ်ချက်ခိုးကြည့်နေမိသေးသည်။ ခဏနေတော့ သင်္ဘောသီးထောင်းလာချပေးသည်နှင့် မမလွမ်းဟာ တူတစ်ချောင်းကိုဖောက်ပြီး ညွှန်းကိုကြည့်လာသည်။

"စားချင်လို့လား"

မမလွမ်းသည် သင်္ဘောသီးထောင်းကိုစားဖို့လုပ်နေရင်းက ညွှန်း ကြည့်နေတာကို ရိပ်မိသွားပုံပေါ်သည်။

"ဘာကို... အာ... သင်္ဘောသီးထောင်းလား။ ဟင့်အင်း မစားတော့ဘူး မမလွမ်း"

ဘာကိုလဲဟု ပြန်မေးမိတော့မည့် ညွှန်း၏ အူကြောင်ကြောင်ဖြစ်ရပ်ကို ဟန့်တားနိုင်လို့တော်သေးသည်။

"မစားတော့ဘူးလား ညွှန်းရာ စားမယ်ဆို တို့ ခွံ့ကျွေးမို့"

မမလွမ်းဆိုသည့် နာမ်စားကို ညွှန်းချက်ချင်းပြင်ခေါ်နိုင်ခဲ့သလို မမလွမ်းဟာလည်း ညွှန်းရာဆိုသည့် နာမ်စားကို ချက်ချင်းပြင်ခေါ်နိုင်လေသည်။ 'မင်း' ဆိုပြီး ခပ်ရင့်ရင့် ခေါ်ဆိုနေတာမျိုးထက် ညွှန်းရာလို့ မမလွမ်း ခေါ်သည်က ပိုပြီးနားဝင်ချိုတာတော့ အမှန်။

"တကယ်မစားတော့ဘူးလား"

မမလွမ်း ခွံ့ကျွေးမည်ဆိုတဲ့ စကားကို ငြင်းဆန်ချင်သော်လည်း တကယ်တမ်း ညွှန်း ငြင်းဆန်ဖို့ တွေဝေနေမိသည်လေ။ ထိုသို့တွေဝေနေမိတဲ့ ညွှန်းကြောင့် မမလွမ်းဆီကပဲ အမေးစကားထပ်ထွက်လာခဲ့သည်ပေါ့။

လွမ်းပျက်ပြယ်Where stories live. Discover now