အပိုင်း {၈} [ခ]

6.1K 686 43
                                    

၁၂ ခွဲကျော်လောက်မှာမှ ပင်လယ်ကိုမြင်နေရပြီဖြစ်၍ ငွေဆောင်ကိုရောက်ရှိလာကြောင်း ညွှန်းသိလိုက်ရသည်။ Hotel က ဘိုကင်တင်ပြီးသားဖြစ်သည့်အတွက် ဟန်လင်းဟာ တန်းမောင်းနေပုံရသည်လေ။ မမလွမ်းဟာတော့ ညွှန်းလိုပဲ အပြင်စူးစမ်းနေသည်။ ခရီးတစ်လျောက်လုံး တကယ်မအိပ်ပဲ သူ့ပခုံးပေါ်အိပ်လိုက်၊မှီလိုက်လုပ်နေသည့် မမလွမ်းဟာ အခုကျတော့လည်း သူမဟုတ်သလို။

အရှေ့ခုံက ငယ်ကလည်း သူတို့လိုပဲအပြင်ငေးနေသည်။ အရှေ့က ဟန်လင်းနှင့် ကျော်ဇောတို့ဖြင့်လည်းစကားပြောနေသည်။ လောလောဆယ် ငွေဆောင်ရောက်လို့ရောက်မှန်းမသိသူဟာ ဟေသာပင်ဖြစ်၏။ ငယ့်ပခုံးလေးနေမှာစိုး၍ ငယ်အိပ်ခိုင်းတာတောင်မအိပ်တဲ့ အစ်မဟေသာဟာ အခုတော့ ငယ့်ပခုံးပေါ်တွင်ကျကျနနကို အိပ်မောကျနေလေရဲ့။

"မမ...! မမရေ"

5 Stars Hotel တစ်ခုတွင်ကားရပ်သွားချိန်၌ ငယ်ဟာ ဟေသာ့ကို နှိုးနေလေသည်။ ညွှန်းတို့ကလည်း သူတို့ရှေ့ခုံကဆင်းမှ ဆင်းရမည်ဖြစ်သည့်အတွက် ထိုင်စောင့်နေရသည်။

"အာ အွန်း မမအကြာကြီးအိပ်ပျော်သွားတယ်ထင်တယ် ဆောရီးနော် ညောင်းနေပြီလား လေပြေ"

ဆက်ခနဲ ငယ့်အပေါ်မှာမှီနေရာကနေ ထရင်းဟေသာကပြောလာသည်။ ပတ်ဝန်းကျင်ကိုလည်းမြင်ဦးမည့်ပုံမပေါ်။

"ဟင့်အင်း ရပါတယ် မမ!... ငွေဆောင်ကရောက်နေပြီ"

"ဟုတ်ရဲ့လားကွယ်"

အခုမှ မယုံသလိုနဲ့ ပတ်ဝန်းကျင်ကြည့်လေသည်။ ဟေသာက သူ့အိပ်ပျော်သွားတာကို ခဏလေးလို့ထင်နေရသည်။

"ဟဲ့ အခုမှကြည့်မနေနဲ့ရောက်နေပြီ ဆင်းတော့။ သူများကောင်မလေးပေါ်အိပ်တာကလည်း သရေတွေတောင်ကျနေပြီလားမသိဘူး"

"အဲ့ဒါအိပ်ပျော်သွားလို့ မသိလိုက်တာလေ တမင်အိပ်လို့လား။ ပြီးတော့ ဘာသရေမှမကျဘူး"

"နင်တို့ ရန်ဖြစ်ရင်နောက်မှဖြစ်ကြလေ အခုတော့ ဆင်းချင်နေပြီ။ ဟေသာကို နင်နိုးရင်လည်းဆင်းတော့"

ဩဇာညောင်းတဲ့သူလို မမလွမ်းပြောမှ ရန်ပွဲစချင်နေတဲ့ သူငယ်ချင်းနှစ်ယောက်ငြိမ်ကာ ကားပေါ်ကဆင်းဖို့ပြင်ကြသည်။ အဲ့တော့မှ မမလွမ်းနှင့် ညွှန်းလည်းကားပေါ်မှာဆင်းရတော့သည်။

လွမ်းပျက်ပြယ်Where stories live. Discover now