အပိုင်း {၉} [က]

6.1K 686 36
                                    

"တေးသံ ရှေ့ကနေလျောက်ပြီးဘယ်တွေသွားနေတာလဲ ရေမဆော့ဘူးလား"

အရှေ့ကဦးဆောင်သွားနေသည့် မမလွမ်းကို ဟန်လင်းဟာလှမ်းခေါ်ပြောသည်။ ညွှန်းလည်း သူ့ဘေးနားကမမလွမ်းကိုကြည့်တော့ ဟန်လင်းပြောသည်ကို ဂရုမစိုက်ပဲရှေ့ဆက်လျောက်နေသည်။ ညွှန်းလည်း မမလွမ်းဘေးကသာလိုက်နေတာ မမလွမ်းဘယ်သွားနေလဲမသိ။

"မမလွမ်း ရေမဆော့ဘူးလားဟင်"

ညွှန်းမေးတော့ မမလွမ်းဟာ ညွှန်းကိုမော့ကြည့်သည်။ ပြီးနောက် ခြေလှမ်းတွေကိုရပ်လိုက်သည်။

"ဟင့်အင်း ဟေသာကို အင်္ကျီလဲပြီးတာမြင်မှ တို့ ရေဖြောင့်ဖြောင့်ဆော့နိုင်မယ်ထင်တယ်"

စိတ်ကြီးတာလား၊ အစွဲကြီးတာလား။ အစ်မဟေသာ အင်္ကျီလဲပြီးတာမမြင်မချင်းကို မမလွမ်းဟာ ဒီလိုမကျေနပ်တဲ့ ရုပ်လေးဖြစ်နေမယ်ထင်တယ်။

"ဘာမှ သူလာမှဖြောင့်ဖြောင့်မဆော့နဲ့ လာ"

"ဟန် လွှတ်နော် ဟန်!"

ဟန်လင်းဟာ မမလွမ်းရဲ့လက်မောင်းနှစ်ဖက်ကိုအနောက်ကနေလက်လျှိုကာချုပ်ရင်းပြောတာမို့ မမလွမ်းဟာရုန်းနေသည်။ ညွှန်းလည်း ရုတ်တရက်မို့ဘာလုပ်ရမလဲမသိ။ ဟန်လင်းကိုပဲ မမလွမ်းကိုမထိဖို့ ကောက်ရိုက်ရမလားစဉ်းစားနေမိသည်။ အဲ့လိုထင်သွားလောက်အောင်ကို ဟန်လင်းရုပ်က လူမိုက်ရုပ်၊ အကျင့်မကောင်းတဲ့ရုပ်ဖြင့် မမလွမ်းကိုဖမ်းချုပ်နေတာလေ။

"ညီမ ဘာရှာနေတာလဲ။ နောက်မှရှာ သူ့ခြေထောက်က မ' လိုက်"

ညွှန်း လည်းဘာရှာလို့ရှာနေမှန်းမသိ။ ဟန်လင်းကိုရိုက်ဖို့တစ်ခုခုရှာနေမိတာထင်တယ်။ ညွှန်းလည်း သူတို့ ၃ ယောက်ကြားရောက်မှ အူကြောင်ကြောင်တွေဖြစ်ကုန်ရသည်။

"ဟန်လင်းမောင် လွှတ်လို့ ငါစိတ်ဆိုးလာပြီနော်"

"ညီမ ဘာကြည့်နေတာလဲ တေးသံ ခြေထောက်က ကိုင်မ' လိုက်လို့"

ဟန်လင်းဟာ မမလွမ်းစကားကိုဂရုမစိုက်ပဲ ညွှန်းကိုသာ ထပ်ပြောသည်လေ။ ကျော်ဇောဟာ ဟေသာ့ကို စိတ်မချ၍နောက်ကလိုက်သွားသည်မို့ ညွှန်းတို့ ၃ ယောက်ပဲကျန်ခဲ့သည်။ ထို့ကြောင့် ဟန်လင်းကို ကူဖို့ညွှန်းသာရှိသည်လေ။ ညွှန်းလည်း မမလွမ်းခြေထောက်နှစ်ဖက်ကိုကိုင်ပြီး မ'လိုက်တော့ ခြေထောက်နှင့် မြေကြီးမထိတော့သည့် မမလွမ်း။

လွမ်းပျက်ပြယ်Where stories live. Discover now