အပိုင်း {၂၈} [က]

6.1K 684 53
                                    

"မအိပ်သေးပဲ ဘာတွေဒီလောက် စိုက်ကြည့်နေရတာလဲ ချိုကိုပိုင်းလေးရဲ့"

ညွှန်းရဲ့ ဆံပင်လေးတွေကိုသပ်ရင်းပြောလာသည့် မမလွမ်းစကားကို ညွှန်း ပြန်မဖြေမိပါ။

"ညနေက ကိစ္စကိုစိတ်ပူနေတုန်းလားကွယ်။ လွမ်း ပြောပြီးသားလေ... ဒက်ဒီနဲ့သွားတွေ့တာမဟုတ်ပါဘူးဆိုတာကို"

မမလွမ်းဟာ မျက်မှောင်လေးကြုတ်ပြီးပြောလာတော့ ညွှန်းမှာ သက်ပြင်းသဲ့သဲ့ချလိုက်ရသည်။

"မမလွမ်းကရော ဘာလို့ မအိပ်သေးပဲ ညွှန်းကိုကြည့်နေတာလဲ"

"ဒါကတော့ လွမ်းက ချစ်လို့ပေါ့ရှင်"

"မမလွမ်းနော် အဲ့ဒါဆို ညွှန်းလည်း ချစ်လို့ကြည့်တာပေါ့"

"အယ် သူများဖြေထားတာကိုလိုက်မပြောနဲ့လေ အရူးလေးရဲ့"

မမလွမ်းရဲ့ မျက်ခုံးလေးတွေပိုမို့တွန့်ခေါက်ပြီးပြောလိုက်တဲ့အချိန်မှာတော့ ညွှန်း အသည်းယားစွာနှင့် ထိုမျက်ခုံးလေးတို့ကိုနမ်းလိုက်သည်။

"ဒီထက်ပိုပြီး အသည်းယားမလာခင် မမလွမ်းအိပ်လိုက်တာ ကောင်းမယ်ထင်တယ်"

"ဟွန့် နှာဘူးကောင်"

ခုနက ညွှန်း ဆံပင်လေးတွေသပ်ပေးနေသည့် မမလွမ်းလက်လေးတွေဟာ အခုတော့ ညွှန်း ပခုံးလေးကို ဖွဖွထုရင်းဆိုလေသည်။ ထို့နောက် လိမ္မော်သီးလေးဟာ ခေါင်းလေးလျောရင်း ညွှန်း ရင်ခွင်ထဲဝင်လာသည်။

"လွမ်းတော့ ညတွေတိုင်း ချိုကိုပိုင်းလေးရင်ခွင်ထဲမှာမှ မအိပ်ရရင် အိပ်ပျော်တော့မယ်မထင်ဘူးကွယ်"

လာချွဲနေသည့် မမလွမ်းကို ညွှန်းလည်း ညွှန်းရင်ခွင်ထဲ နှစ်မြုပ်သွားအောင်ဖက်ထားလိုက်သည်။

"အဲ့လိုဆို ညတိုင်း မမလွမ်းကို ညွှန်းကဖက်ထားပေးမှာပေါ့"

မမလွမ်းကိုငုံ့နမ်းရင်းပြောတော့ မမလွမ်းသည် ညွှန်းကိုရင်ခွင်ထဲမှ မော့ကြည့်သည်လေ။ နှုတ်ခမ်းထက်တွင်လည်း အပြုံးလေးဟာတွဲခိုလျှက်ပင်။

"ချိုကိုပိုင်းလေးကို လွမ်း ချစ်တယ်နော်"

မမလွမ်း အပြောလေးကြောင့် ညွှန်းပြုံးလိုက်မိသည်။ မမလွမ်း အနားမှာရှိနေလျှင် အတွေးတွေလွန်တာမျိုး ဖြစ်မနေတာများသည်။

လွမ်းပျက်ပြယ်Where stories live. Discover now