Chapter 200: Chu Yan's Specialty..

19.7K 1.2K 50
                                    

UNICODE

ယဲ့ချင်းရန်က သူမရဲ့ ယာဉ်မောင်းလိုင်စင်ကို အောင်မြင်စွာ ရရှိသွားပြီး ယဲ့ကျွင်းကို ရက်အနည်းငယ်ခန့် ကူရန်အတွက် ယဲ့အုပ်စုထံတောင် သွားလိုက်သေးသည်။

အကုန်လုံးက သူမဟာ မိန်းကလေးဆိုတာ သိသော်ငြားလည်း သူတို့က သုံးနှုန်းသည့်အသုံးနှုန်းက တူညီနေဆဲဖြစ်၏။

သခင်လေးယဲ့ဖြစ်နေတုန်းပင်...

အရင် ယဲ့ချင်းရန် ကုမ္ပဏီတွင်ရှိနေစဉ်အတောအတွင်း၌ ယဲ့အုပ်စုက ကောင်းမွန်စွာ လုပ်ဆောင်နေဆဲဖြစ်သည်။ ယဲ့ချင်းရန်က ကုမ္ပဏီကြုံတွေ့နေရသည့် စတော့ဈေးကွက်မှာ ကျနေသည်များကို ထောက်ပြခဲ့သည်။

သူမ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားခဲ့သည့်အတွက် ယဲ့အုပ်စုက ဤအခက်အခဲကာလကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ဟန်ကျီလည်း ပြန်ရောက်လာသည်။

အစ်ကိုသုံးယောက်ထဲတွင် ယဲ့ချင်းရန်က မိန်းကလေးဆိုတာ သိသွားချိန်မှာ ယဲ့ဟန်ကျီက အံ့အားအသင့်သွားဆုံးဖြစ်သည်။

သူတို့ချင်းဆုံချိန်မှာ သူက အတည်ငြိမ်ဆုံးဖြစ်ပေမယ့်လည်းပေါ့။

သို့ပေမယ့် အလုပ်ခရီးကို ခရီးဆောင်သေတ္တာအသေးလေးဖြင့် အမြဲသွားတတ်သည့် ယဲ့ဟန်ကျီက ဒီတစ်ခေါက် သူပြန်လာချိန်တွင် ယဲ့ချင်းရန်အတွက် လက်ဆောင်တွေ သေတ္တာအကြီး ဆယ်လုံးအပြည့် သယ်ပြန်လာသည်။

ထို့အပြင် သူက ယဲ့ချင်းရန် လိင်ပြောင်းခွဲစိတ်မှုများ လုပ်ခဲ့လားဆိုတာကိုတောင် စုံစမ်းခဲ့သေးသည်။

ထိုအထဲမှာတော့ စုန့်ယဲ့က အတည်ငြိမ်ဆုံးဖြစ်သည်။

သူက ယဲ့ချင်းရန်ကို တွေ့ဖို့ ပြန်တောင် လာခဲ့သည်။ သူက မအံ့ဩသလို ညင်သာမြဲ  ရည်မွန်မြဲဖြစ်၏။

ဒါက စုန့်ယဲ့များသိနေခဲ့လားဆိုပြီး ယဲ့ချင်းရန် တွေးမိသွားသည်။

ဒါပေမယ့် သူမ သူ့ကိုမေးချိန်မှာတော့ သူခေါင်းခါပြီး ပြောလိုက်သည်။ "ငါမသိဘူး ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ မင်းက သာမန်ကောင်လေးနဲ့ မတူဘူးလို့ ခံစားမိနေတာ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now