Chapter 241: They Are a Pair (1)

4.1K 656 8
                                    

UNICODE

"ကိုယ်တို့ ဘာပြောခဲ့လဲဆိုတာ မသိချင်ဘူးလား?"

"သိဖို့အတွက် မေးစရာမလိုဘူးလေ။ လျန်ရှောင်းက အစ်ကို့ကို ဘာပြောနိုင်မှာမို့လို့လဲ? ညီမနဲ့ ပတ်သက်တာပဲ ဖြစ်မှာပေါ့။ အစ်ကိုက ထူးချွန်တဲ့သူဆိုတာ သူသိရင် ညီမတို့က တစ်ယောက်နဲ့ တစ်ယောက်မလိုက်ဖက်ဘူးလို့ သူပြောမယ်။ သူဘာမှမသိဘူးဆိုရင် ညီမက သူ့လူ အဲဒါကြောင့် အစ်ကိုက တတ်နိုင်သမျှ မြန်မြန်ထွက်သွားလို့ ခြိမ်းခြောက်လိမ့်မယ်"

ယဲ့ချင်းရန်က ပြောရင်း နောင်တရသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ "တကယ်တော့လေ အစ်ကိုက အချစ်ပြိုင်ဘက်နေရာကနေ နောက်ဆုတ်လိုက်တဲ့ပုံကို ညီမတကယ်မြင်ချင်တာ"

ချူယန်က သူမကို စိုက်ကြည့်ပြီး ဖြည်းညှင်းစွာပြောလာသည်။ "ကိုယ်က မင်းကို လိမ်နေတယ်လို့ သူက ပြောတယ်"

"ညီမကို ဘာလိမ်တာလဲ? ညီမခံစားချက်တွေကိုလား? ဒါမှမဟုတ် အစ်ကိုက လက်ထပ်ပြီးသားလား? အဲ့လိုဆိုရင်တော့ အစ်ကို သေဖို့ ပြင်ထားတော့"

ယဲ့ချင်းရန်က လက်သီးဆုပ်ပြီး ချူယန်ရှေ့ ဝှေ့ယမ်းပြလိုက်သည်။

ချူယန်က ပြုံးလာသည်။ "ကိုယ့်မှာ မင်းတစ်ယောက်ပဲရှိတာ တခြားမိန်းမတွေမရှိဘူး။ အဲ့ပြောတဲ့ လိမ်တယ်ဆိုတာကလည်းကွာ ကိုယ်က မင်းအပေါ်ထားတဲ့ ခံစားချက်တွေက မစစ်မှန်ဘူးပေါ့။ ကိုယ်က မင်းမသိအောင် ဖုံးကွယ်ထားတာ ရှိတယ်ပေါ့ကွာ"

ယဲ့ချင်းရန်က မေးလာသည်။ "ဘာကို ဖုံးကွယ်ထားတာလဲ?"

"ဥပမာ ကိုယ် ဘယ်သူဆိုတာပေါ့"

ယဲ့ချင်းရန်က ရေတစ်ငုံသောက်ပြီးမှ ပြန်ဖြေလာသည်။ "အစ်ကိုက ဘယ်သူများ ဖြစ်နိုင်မှာမို့လို့လဲ? အစ်ကိုက ချူယန်မဟုတ်ဘူးလား? အပေါစားအဖေရှိတဲ့သူလေ။ ညီမ ဒါတွေအကုန်သိပါတယ်။ အစ်ကို့အပေါစားအဖေရဲ့ နောက်ခံက မရိုးရှင်းဘူးဆိုတာလည်း သိတယ်။ ဒါကြောင့် ပြီးခဲ့တဲ့တစ်ခေါက်က အစ်ကို ဒါကို ရင်ဆိုင်ချင်လားလို့ ညီမမေးတာ။ အို ဟုတ်သား အစ်ကိုက မိသားစုပိုင်ဆိုင်မှုအတွက် ရင်ဆိုင်မယ်ဆို ညီမကို ရှာဖို့ သတိရနော်။ ဘာလို့လဲဆိုတော့ ညီမက မိသားစုပိုင်ဆိုင်မှုအတွက် ရန်ဖြစ်တာ အကောင်းဆုံးသူမို့လို့ပဲ။ ဒါပေမယ့် ညီမကို ငှါးမယ့်ကြေးကတော့ ဈေးကြီးတယ်နော်"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now