Chapter 278: You Won't Shed Tears Until You See Your Coffin

3.4K 539 9
                                    

UNICODE

ချူယန်၏ မောက်မာပြီး တည်ငြိမ်သည့်အကြည့်က သူမအပေါ် အကြာကြီး ကျလာချိန်မှာ မုချင်းရွဲက ထူးဆန်းသည့် ကျောချမ်းမှုကို ခံစားလိုက်ရဿည်။

ထိုသူ၏ တည်ငြိမ်ပြီး ထူးမခြားနားသည့်အကြည့်ထဲတွင် ပြင်းထန်သည့် မုန်တိုင်း၊ ဓားတစ်ချောင်း၏ အရိပ်နှင့် ဓားသွား၏ အလင်းတန်းက ပုန်းအောင်းနေသည်။ သူမကို ထွင်းဖောက်ပြီး မြင်ချင်နေပြီး သူမနှလုံးသား၏ ရုပ်ဆိုးသည့်အပိုင်းကို ဖော်ထုတ်ချင်သည့်ပုံ အရမ်းကို အေးစက်ပြီး ထက်ရှ၏။

မုချင်းရွဲ ကူကယ်ရာမဲ့စွာဖြင့် ကြောက်သွား၏။

"အစ်ကိုချူယန် ဒီတစ်ကြိမ် ညီမကို ကယ်ပေးလို့ ညီမလည်း ပြန်ကူညီပေးနိုင်တယ်။ စုတျန်ဟန်က အစ်ကို့ကို ရှင်းချင်နေတာ ညီမသိတယ်။ သူက အစ်ကို့ကို အကွက်ဆင်ချင်ပြီး အကောက်ကြံချင်နေတာ။ အစ်ကို စုတျန်ဟန်နဲ့ ရင်ဆိုင်ချိန်ကျ ညီမကူညီနိုင်တယ်။ အစ်ကို့သူလျှိုအနေနဲ့ အစ်ကိုသိချင်တာတွေကို ညီမပြောပြနိုင်တယ်။ အစ်ကိုက ညီမကို လုပ်စေချင်တာ ဘာမဆို ညီမလုပ်ပေးနိုင်တယ်။ အစ်ကိုချူယန် ညီမကို ကယ်ပါ ကယ်ပါနော်..."

သူမရဲ့ကျေးဇူးတင်မှုကို အကောင်းဆုံး ထုတ်ဖော်ပြလာပြီး မြူဆွယ်သည့်နည်းလမ်းတွေကို အကောင်းဆုံး ပြသနေသည်။

သူမက ချူယန် လှုပ်ရှားသွားအောင် ဘာမှမဖြစ်တော့သည့်ပုံစံထားလို့ရအောင် သူမမျှော်လင့်နေသည်။ ဤအကြောင်းပြချက်ကြောင့် သူမကို လွှတ်ပေးဖို့ မဖော်ပြရဲတာဖြစ်သည်။

သူမက လွှတ်ပေးဖို့ ပြောလိုက်တာနှင့် ပြန်ပေးဆွဲသည့် မတော်တဆမှုကြီးပါ ပါလာမည်ဖြစ်သည်။

"သူမကို ခြိမ်းခြောက်နှောင့်ယှက်ဖို့ မင်းကို ကူညီပေးနေတာလည်း စုတျန်ဟန်ပေါ့" ချူယန်က သူမစကားနောက်ကနေလိုက်ပြီး မေးလိုက်သည်။

"ဟုတ်တယ်"

အမှန်တရားပြောရမှာကို မုချင်းရွဲက အရမ်းကြောက်မိသည်။

သို့ပေမယ့် တစ်စုံတစ်ခုမှားနေသည်အား သူမ ချက်ချင်းသတိပြုမိကာ သူမစကားတွေကို လျင်မြန်စွာ ပြောင်းတော့သည်။ "ညီမကို ဒီလိုလုပ်ဖို့ သူပဲ ပြောတာ။ ညီမက သူ့စကားကိုပဲ နားထောင်တာ။ ညီမက ယဲ့ချင်းရန်ကို အန္တရာယ်မဖြစ်စေချင်ပါဘူး"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now