Chapter 235: If You Like It, Want to Continue? (1)

4.6K 686 15
                                    

UNICODE

သူမလက်ခံရရှိသည့် ပါဆယ်ထုတ်ကို ကြည့်ရင်း ယဲ့ချင်းရန်၏ မျက်နှာက မည်းမှောင်လာသည်။ နှာဘူးတစ်ယောက်ရဲ့ နှောင့်ယှက်မှုကို ခံနေရသလို ခံစားလိုက်ရသည်။

သူမက ဆက်ပြီး လျစ်လျူရှုသင့်လား?

တစ်ဖက်က ဘာတွေဆက်လုပ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ?

ယဲ့ချင်းရန်က ရဲကို ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်ကာ ဒီကိစ္စအား ရဲလက်သာ အပ်ဖို့ လုပ်လိုက်တော့သည်။

ဒီကိစ္စကို ကိုင်တွယ်ရသည့် ရဲအရာရှိက ပစ္စည်းပို့တဲ့ဆီကနေ ချက်ချင်း စစုံစမ်းတော့သည်။ ပါဆယ်မှာပါသည့် လက်ဗွေရာကလည်း သံသယဝင်သူမရှိကြောင်း ပြနေသည်။

ပစ္စည်းပို့တဲ့သူဆီကနေလည်း ဘာသဲလွန်စမှ ရှာမတွေ့နေပေ။

ပစ္စည်းပို့တဲ့ကားထဲ ရောက်နေလို့ ကျောင်းဆီပို့ပေးတာဖြစ်သည်။

ချူယန်လည်း ထိုပါဆယ်ထုတ်အကြောင်း သိသွားသည်။ သူက ရဲစခန်းကို တိုက်ရိုက်ရောက်ချလာပြီး ယဲ့ချင်းရန်ကို လာကြိုတော့သည်။ သူလည်း ဒီကိစ္စရဲ့နောက်ကွယ်မှ သူကို တတ်နိုင်သမျှ မြန်မြန်ရှာတွေ့ဖို့ မျှော်လင့်နေသည်။

အခန်းက အရမ်းတိတ်ဆိတ်နေသည်။ ယဲ့ချင်းရန်က သူမလက်ဖြင့် မေးကိုထောက်ရင်း ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေသည်။ သူမစိတ်ထဲမှာတော့ ဒီပါဆယ်ထုတ်ကို ပို့တဲ့သူရဲ့အကြောင်းကို စဉ်းစားနေတာဖြစ်သည်။

သူမကို ကြိုက်တယ်ဆိုတာက တကယ်များလား?

အရမ်းကို ဆိုးရွားလွန်းတဲ့ စနောက်မှုလိုပင် အရမ်းလွန်လွန်းလို့ သူမ အရမ်းမတွေးချင်ပေ။

သူမကို သဘောကျတယ်ဆိုတာ မဟုတ်ရင် မကောင်းတဲ့အကြံအစည်ကြောင့်ပဲ ဖြစ်လိမ့်မည်။

ဒါဆို ဒီကိစ္စရဲ့နောက်ကွယ်က လူက...

အရင်ကဆိုရင်တော့ သူမ ချက်ချင်း မုချင်းရွဲကို တွေးမိလိမ့်မည်။

သို့ပေမယ့် အခု မုချင်းရွဲက အချုပ်ကျနေတော့ သူမလုပ်တာမဖြစ်နိုင်ပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now