Chapter 251: Love Rivals' Agreement (1)

3.7K 556 1
                                    

UNICODE

စုမောင်နှမထွက်သွားတဲ့ဘက်ကို ယဲ့ချင်းရန်ကြည့်လိုက်သည်။

စုကဲဖေးရဲ့အစ်ကိုက ရင်းနှီးသလိုလို အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုပင်။

တစ်ချိန်တည်းမှာပင် မူရင်းဇာတ်ကြောင်းထဲက နောက်ဆုံးဇာတ်လိုက် စုယီအန်းအကြောင်းကို တွေးမိသွားသည်။ စုယီအန်းက ဇာတ်လိုက်မကို တပ်မက်စွဲလမ်းတဲ့သူဖြစ်ပြီး ဇာတ်လိုက်၅ဦးထဲမှာ အင်အားအကြီးဆုံးလည်းဖြစ်သည်။

မူရင်းဇာတ်ကြောင်းထဲတွင် စုယီအန်း၌ ညီမတစ်ယောက်ရှိသည်လို့ ပြောထားပေမယ့် တရားဝင်ပေါ်လာတာမျိုးမရှိပေ။

ချူယန်က စုကဲဖေးအစ်ကိုကို သိသည့်အတွက်ကြောင့် ယဲ့ချင်းရန်က မေးလိုက်သည်။ "စုကဲဖေးရဲ့အစ်ကို... သူ့နာမည်က စုယီအန်းလား?"

ချူယန်က အကြည့်ကို သူမဆီရွှေ့လိုက်သည်။ "မင်းသူ့ကို သိတယ်လား?"

ယဲ့ချင်းရန်က ခေါင်းခါလိုက်သည်။ "ညီမ သူ့ကို မသိဘူး"

သို့ပေမယ့် စုမောင်နှမက သူမနှင့် တော်တော်ရေစက်ပါပုံပင်။ တစ်ကြိမ် သူမက ချူယန်အတွက် ဆေးသွားဝယ်ချိန်မှာ စုကဲဖေးကို ကယ်မိသွားသည်။ နောက်တစ်ကြိမ် သူမက ချီရွှမ်နှင့် ထမင်းထွက်စားချိန်မှာ မရည်ရွယ်ဘဲ ယောကျာ်းတစ်ယောက်ကို ကယ်မိသွားသည်။

ထိုယောကျာ်းက စုယီအန်းဖြစ်ပုံရသည်။

ချူယန်က ပြန်ဖြေလာသည်။ "အဲ့လိုလား?"

သူ့မျက်လုံးထဲက အေးစက်မှုနဲ့ ချဉ်တူးနေတဲ့ လေသံကို သတိထားမိသွားတော့ ယဲ့ချင်းရန်က သူ့ကို အံ့အားသင့်စွာကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ "ဒီတိုင်းမေးတဲ့မေးခွန်းကို အဲ့လို အထင်မှားပြီး တွေးမနေနဲ့"

ချူယန်က နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ "ကိုယ်က ဘာကို အထင်မှားပြီးတွေးတာလဲ?"

ယဲ့ချင်းရန်က မျက်ခုံးပင့်ကာ စနောက်တော့သည်။ "အစ်ကိုက သံပုရာသီးစားလိုက်တဲ့ပုံဖြစ်နေတာကိုး။ ကြည့်ရတာ အစ်ကို တကယ် အထင်မှားပြီးတွေးနေတာပဲ"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now