Chapter 255: Special Engagement Party (1)

4.1K 617 5
                                    

UNICODE

အပြန်လမ်းမှာ ယဲ့ချင်းရန်က ယဲ့ကျွင်းအား သူ ချူယန်ကို ဘာတွေပြောခဲ့လဲဆိုတာ အကြိမ်အနည်းငယ်မေးပေမယ့် ယဲ့ကျွင်းက သူမကို တိုက်ရိုက်မဖြေပေ။

သူမကို လျစ်လျူရှုဖို့နှင့် ချူယန်က ကြည့်ရုံနှင့် အားကိုးလို့မရတဲ့ယောကျာ်းဆိုတာသာ ပြောလာသည်။ အနာဂတ်မှာ ပိုဂရုစိုက်ဖို့ပဲ ပြောလာသည်။

ယဲ့ဟန်ကျီလည်း သဘောတူသည်။

ယဲ့ချင်းရန် အိမ်ကို ပြန်ရောက်တော့ သူမ အိပ်ခန်းထဲချက်ချင်း ဝင်ပြီး ချူယန်ကို ဖုန်းခေါ်တော့သည်။

အဲ့အခါကျမှ ယဲ့ကျွင်းက သူမနှင့် ချူယန်ကို သဘောမတူသည့်အပြင် ချူယန်အတွက် ထောင်ချောက်ပါဆင်ခဲ့တာကို သူမ သိရတော့သည်။ ရယ်ရမလား ငိုရမလားဆိုတာတောင် သူမ မသိတော့ပေ။

ကြည့်ရတာ သူမရဲ့ဈေးပေါတဲ့အဖေရဲ့ နှလုံးသားထဲမှာ သူမက မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် ပွေရှုပ်တဲ့သူလို့ သတ်မှတ်ခံထားရပုံပင်။

သူမက ချစ်သူမိန်းကလေး ၃ ၄ယောက်ရနိုင်ရင် ချစ်သူကောင်လေးလည်း အများကြီးရမယ့်ပုံစံမျိုးဖြစ်နေသည်.
မနက်ဖြန်ကို သူက အလုပ်ခရီးသွားရမည်ဖြစ်လို့ အကြာကြီး စကားမပြောတော့ပေ။

ယဲ့ကျွင်းကတော့ ယဲ့ကျွင်းသဘောမတူရင်တောင် ထပ်ပြောဖို့ လိုမယ်လို့ သူမ မထင်ပေ။

သို့ပေမယ့် အပေါ်ယံမှာတော့ သူမကို ချူယန်နှင့် သဘောတူဟန်ပြပြီး သူ့စိတ်ထဲမှာတော့ သူမက ချူယန်နှင့် ပြတ်ဖို့ကို စောင့်နေတာဖြစ်သည်။

ဒါလည်းကောင်းတာပင်။ အချိန်တစ်ခုကြာသည်အထိ သူမနှင့် ချူယန်က အတူရှိနေတုန်းဆိုရင် သူမအဖေက အချိန်ကုန်လာတာနှင့်အမျှ တဖြည်းဖြည်း လက်ခံလာလိမ့်မည်ဖြစ်သည်။

ချူယန် အလုပ်ခရီးသွားပြီးနောက် သူမက နေ့တိုင်း ယဲ့မိသားစုအိမ်ကို ပြန်ဖြစ်သည်။ သူမကို နှောင့်ယှက်သည့်သူကတော့ ထပ်ပေါ်သည်။ ဒီတစ်ကြိမ်မှာတော့ အရင်က နည်းလမ်းအတိုင်း သုံးကာ ယဲ့မိသားစုအိမ်အရှေ့မှာ ပစ္စည်းကို တိုက်ရိုက်ထားခဲ့တာဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now