Chapter 259: Mu Qingxue's Bargaining Chip (1)

3.5K 547 6
                                    

UNICODE

စေ့စပ်ပွဲအခမ်းအနားချိန်မှာ စုယီအန်းက ချီရွှမ်ရဲ့လက်ကို ညင်သာစွာကိုင်ထားပြီး သူမလက်သွယ်သွယ်မှာ လက်စွပ်ဝတ်ပေးဖို့ ပြင်လိုက်သည်။

စေ့စပ်ပွဲသာ ဆိုသော်ငြားလည်း လက်ထပ်ပွဲကဲ့သို့ လေးနက်သည်။

ချီရွှမ်ရဲ့အကြည့်က နူးညံ့ပြီး ညင်သာသည်။ စုယီအန်းက သူမလက်ကို ကိုင်ချိန်မှာတော့ သူမမျက်နှာထက် ရှက်သွေးဖြာလာသည်။

မျက်လွှာချပြီး စုယီအန်းလက်မှ လက်စွပ်ကို ကြည့်နေသည်။ အလင်းရောင်အောက်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေသည်။

ရုတ်တရက် "နေဦး" ဆိုသည့် စကားကြောင့် ဒါတွေက ရုတ်တရက်ရပ်သွားသည်။

လူတိုင်းရဲ့အကြည့်က ထိုပြောတဲ့သူဆီရောက်သွားကြသည်။

စုမိသားစုရဲ့ အငယ်ဆုံးဦးလေး စုတျန်ဟန်ဖြစ်သည်။

ပွဲခန်းမရဲ့ လေထုက ချက်ချင်း အေးခဲသွား၏။

လူတိုင်းရဲ့ မျက်နှာပေါ်မှာရှိသည့် အပြုံးတွေ ပျောက်ကွယ်သွားသည်။ တစ်ချို့က သိချင်သည်၊ တစ်ချို့က ပွဲကြည့်ချင်သည်။ တခြားသူတွေကတော့ အမျိုးမျိုးသောအမူအရာတွေဖြစ်ကုန်သည်။ စုတျန်ဟန်တစ်ယောက်သာလျှင် မျက်နှာထက် အပြုံးရှိနေ၏။

လူတိုင်းရဲ့အကြည့်အောက်မှာ သူက ဖြည်းညင်းစွာ ခြေတစ်လှမ်းတိုးလာသည်။

သူ့ဘေးရှိလူတွေအကုန်လုံး စုတျန်ဟန်အတွက် လမ်းဖယ်ပေးကြသည်။

စုတျန်ဟန်က အချိန်ယူကာ အနောက်ကနေ အရှေ့သို့ လျှောက်လာသည်။ သူက စင်ပေါ်ရှိ သခင်ကြီးစုနှင့် စုယီအန်းကို ကြည့်ချိန်မှာ လှောင်ပြုံးပြုံးထားသည်။

သခင်ကြီးစုက သူ့သားအငယ်ဆုံးကို မကြည်လင်တဲ့အမူအရာနှင့် မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။

စုတျန်ဟန်က တရားမဝင်ကလေးဖြစ်သည့်အတွက် ဒီသားအငယ်ဆုံးကို သူသဘောမကျပေ။

အရေးကြီးဆုံးကတော့ စုတျန်ဟန်ရဲ့ စရိုက်က အရမ်းကို မည်းမှောင်သည်။ သူလုပ်ချင်တာ ဘာမဆိုလုပ်ပြီး ဘာကိုမှ ဂရုမစိုက်ပေ။ ဉာဏ်ကောင်းပေမယ့် အရမ်းပညာရှိတဲ့သူမဟုတ်ချေ။ သို့ပေမယ့် သူက အရမ်းကို ရည်မှန်းချက်ကြီးပြီး နောက်ဆုံးမျဉ်းဆိုတာမျိုး မရှိပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now