Chapter 295: Cannot Return, Cannot Restore

3.3K 449 3
                                    

UNICODE

သို့ပေမယ့် ဤအတောအတွင်းမှာ သူမမှတ်ဉာဏ်က ဖြည်းဖြည်းချင်း နိုးလာသည်။ သူမရဲ့ ပြီးခဲ့တဲ့ဘဝ၏ မှတ်ဉာဏ်မှ သူမကို ချစ်မြတ်နိုးသည့် ဇာတ်လိုက်ငါးယောက်ရှိခြင်းကနေ သူတို့ကစာအုပ်ထဲမှာ ရှင်သန်နေထိုင်နေတာကို သိသွားသည်။

ယခုယဲ့ချင်းရန်က ယဲ့ချင်းရန်အစစ် မဟုတ်တာ သိသွားပြီး ချူယန်ကို ဒီကိစ္စကို အသုံးချကာ သွားရှာ၏။ သူမက ဒီကိစ္စကို သုံးပြီး ချူယန်နှင့် ယဲ့ချင်းရန်ကို သွေးခွဲချင်ခဲ့သည်။

သို့ပေမယ့် မြေမြုပ်မှိုင်းပေါ် တက်နင်းမိမယ်လို့ သူမ မထင်ထားခဲ့ပေ။

ပထမဘဝမှာ ယဲ့ချင်းရန်က မူလယဲ့ချင်းရန်မဟုတ်ကြောင်း ပေါ်ခဲ့သည်။ ယဲ့ချင်းရန်က စာအုပ်ထဲမှာ ဖြစ်ကြောင်း ဝန်ခံပြီးတာနှင့် ကိုမာဖြစ်သွားသည်။ ထို့အတွက်ကြောင့် ချူယန်က အရမ်းကို ဆိုးသွမ်းသွားပြီး မုချင်းရွဲကို တိုက်ရိုက်ပဲ သတ်ပစ်လိုက်သည်။

သူက ထပ်ပြီးလုပ်ရမည်ဆိုရင်တောင် ဤအရာက ချူယန်အကြောက်ဆုံးအရာဖြစ်သည်။ သူက အနက်ရှိုင်းဆုံး နာကျင်မှုကို ခံစားရသည်။ ဤလို အခြေအနေမျိုးအောက်မှာ ဤလျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အလို့ငှါ မုချင်းရွဲကို သူ သတ်ပစ်ခဲ့သည်။

သူမသေသွားသည်နှင့် Game Data က ထပ်ပြီး Reset ဖြစ်ကာ အစသို့ ပြန်ရောက်သွားခဲ့သည်။

ထိုကဲ့သို့ပင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်... ဘယ်လောက်တောင်အကြိမ်ရေများလဲဆိုတာ ဘယ်သူက သိမလဲ? ပထမတစ်ကြိမ်ကွဲပြားခြားနားတာက လွဲလို့ အကြိမ်တိုင်း၏ အတွေ့အကြုံက ဒုတိယအကြိမ်နှင့် အလားတူညီသည်။

ချူယန်က မုချင်းရွဲကို သတ်လိုက်တာနှင့် Game က Reset ပြန်ဖြစ်သွားသည်။

နောက်ဆုံးတစ်ကြိမ်ကလွဲလို့ပေါ့ မုချင်းရွဲက ချူယန်ကို ထပ်ရှာပြီး ယဲ့ချင်းရန်က ဝိဉာဉ်ပြောင်းသွားသည်ဟု ပြောခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ မုချင်းရွဲသေရင် ယဲ့ချင်းရန်လည်း သေမည်ဆိုတာကို ချူယန်က မတော်တဆ တွေ့ရှိခဲ့လို မုချင်းရွဲကို အသက်ပေးရှင်ခဲ့သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now