Chapter 292: Sleep Mode Deactivated

3.2K 437 2
                                    

UNICODE

မုချင်းရွဲ ပျောက်ကွယ်သွားချိန်မှာ အိပ်ခန်းတစ်ခန်း၏ Game Cabin မှ အချက်ပေးအသံမြည်လာသည်။ "အိပ်စက်ခြင်းစနစ် ပိတ်လိုက်ပါပြီ။ အိပ်စက်ခြင်းစနစ် ပိတ်လိုက်ပါပြီ..."

ပြီးနောက် အထဲမှာ အမျိုးသမီးတစ်ယောက် ထိုင်လိုက်ကာ မောဟိုက်စွာ အသက်ရှူနေသည်။

ခဏတာလောက် ထိုမိန်းမက ရှုပ်ထွေးနေသည်။ သူမရဲ့ ရှုပ်ထွေးနေသည့် စိတ်ကနေ ဖြည်းဖြည်းချင်း အသိပြန်ဝင်လာသည်။ ရုတ်တရက် သူမက တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် သူမ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူမအကြည့်က ချက်ချင်း ဘေးပတ်လည်ကို ကြည့်လိုက်သည်။

သူမနှလုံးသားက ပြင်းထန်စွာ ခုန်နေပြီး သူမအသက်ရှူသံတောင် ပြင်းထန်လာသည်။

သူမ... ပြန်ရောက်လာတယ်?

ဒါပေမယ့် ယဲ့ချင်းရန်က မသေသေးဘဲ သူမက ပြန်ရောက်လာတယ်။ သူမ ကျရှုံးသွားပြီ။

သူမပြန်ရောက်လာရင် ယဲ့ချင်းရန်လည်း နိုးလာမှာ။

သူမစိတ်ထဲမှာ တဒင်္ဂပုံရိပ်တွေက သူမကိုယ်ကို ထိန်းချုပ်မရအောင် တုန်ယီစေသည်။ သူမအကြည့်မှာ ကြောက်ရွံ့မှုတွေဖြင့် ပြည့်လာသည်။ လိုရမယ်ရ သူမကျရှုံးမလားဆိုပြီး ခန့်မှန်းခဲ့တာကို သူမ ဝမ်းသာသည်။ သူမ သဲလွန်စတစ်ခုကိုမှ မပေါ်ထားခဲ့ပေ။

သို့ပေမယ့် ယဲ့ချင်းရန်က အရမ်းကို ထက်မြက်သည်။ တကယ်လို့များ...

"မဟုတ်ဘူး ငါထွက်သွားရမယ်..."

သူမက စကားပြောရင်း ချက်ချင်း ထရပ်လိုက်သည်။ သို့ပေမယ့် နောက်တစ်စက္ကန့်မှာပဲ သူမကိုယ်ထဲ လှိုက်တက်လာသည့် မူးဝေမှုက တစ်ကိုယ်လုံးကို ခြုံလွှမ်းသွားသည်။ အမြင်အာရုံက အမှောင်ကျသွားပြီး ကိုယ်က အားနည်းသွားကာ ခုံပေါ် ခွေကျသွားသည်။

မိုးရွာချိန်ဆို ကားမောင်းရတာ အမြဲခက်ခဲသည်။ ယဲ့ချင်းရန်က ကားပြတင်းပေါက်ထောင့်ကို မှီကာ အပြင်ကို ကြည့်နေသည်။ "ရာသီဥတုက ခုတလော ဒီပုံစံပဲဖြစ်နေတယ်။ မိုးကို သည်းကြီးမည်းကြီးရွာတာ။ မြို့တော်မှာ ဆောင်းတွင်းက အမြဲ ဒီလိုပဲလား?"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now